Tian Xiang Hotpot 744 views


ကျန်းမာရေးနဲ့ လည်းသင့်တော်တယ် တရုတ် ဆေးမြစ်ဆေးဥတွေ လည်းပါပြီး အရသာလည်း ကောင်းမွန်တဲ့ Hotpot ဆိုင်လေးနဲ့မိတ်ဆက်ပေးပါရစေ ဗိုလ်ရာညွန့် လမ်းထဲက "Tian Xiang" Hotpot ဆိုင်လေးပါ။

‪#‎ဒါလေးတွေ‬ ရတယ်

ပုံမှန် မိမိကြိုက်ရာ အမယ်တွေနဲ့ စိတ်ကြိုက်စားနိုင်သလို set တစ်ခု ချင်းနဲ့ တစ်ယောက်စာ လေးတွေလည်း ရတယ်။ ဒီတခါတော့ အဲ့လိုမျိုး လေးစားဖြစ်ခဲ့တယ်လေ။

Beef, Sea-foods,Chicken,Pork ,Lamb နဲ့  Five flower (pork) ဆိုပြီး ၆မျိုး ရှိတယ်။ set တခုမှာ မိမိရွေးချယ်ရာ အသားတစ်မျိုး အတွက် တစ်ယောက်စာ တစ်ပန်းကန်ရယ် အရွက် မျိုးစုံ တပွဲပါတယ်။ ရွေးချယ်ရာ အသား ပဲပြောင်းပြီးဟင်းသီးဟင်းရွက်ကတော့ အတူတူပါရှင့်။ ဟင်းချိုရည်အတွက်ကလည်း ပုံမှန် စားသုံးသလို အချိုအစပ် ကြိုက်နှစ်သက်ရာ ရနိုင်ပါတယ်။

‪#‎အချိန်‬ နဲ့  ဈေးနှုန်းလေးပြောပြမယ်နော်

နေ့လည် ၁၀နာရီမှ ညနေ ၅နာရီထိ နေ့ စဉ် ပိတ်ရက်မရှိ ရနိုင်ပါတယ်နော်။ ဒါကတော့ ခုနက ပြောပြတဲ့  Set အတွက်ပါ။ ပုံမှန် hotpot စိတ်ကြိုက်စားသုံးသူတွေအတွက်ကတော့ နေ့ လည် ၁၀နာရီမှည၁၀နာရီထိရောင်းချပေးနေပါတယ်။

ဈေးနှုန်းကတော့ ခု ဖော်ပြထားတဲ့  အသားတစ်မျိုး အရွက်တမျိုးပါတဲ့  Set တစ်ခုကို ၇၀၀၀ ကျပ်ပါရှင့်။ စိတ်ကြိုက် သုံးဆောင်မယ့် customer တွေအတွက်လည်း မိမိစိတ်ကြိုက် menu ကနေ မှာယူစားနိုင်ပါသေးတယ်။ အဲ့ဒီအတွက်ကတော့ ကိုယ်မှာယူစားသောက်တဲ့ အစားအစာ အရ နှုန်းလေးတွေကြမှာပါရှင့်

‪#‎အရသာလေးဝေမျှပေးမယ်‬

ကျန်းမာရေးအတွက်အဓိက ဆေးမြစ်တွေအစုံအလင်ပါဝင်နေတဲ့ Hotpot ဟင်းးရည် ရဲ့  အရသာကတော့ တစ်မျိုးလေးပါ ဆေးမြစ်ရဲ့  ပူတဲ့အရသာ ရူးရူးရှဲရှဲလေးရယ် ဟင်းချိုမှုန့် တွေမပါဝင်တဲ့အတွက် သဘာဝ ဆေးမြစ်အရသာ ပေါလွင်နေပါတယ်။ ထူးကတော့ အဲ့ရသာလေးကို နှစ်သက်ပါတယ်။ အသားပြုတ်ရည်လို အရသာမျိုးမှကွဲထွက်ပြီး ကျန်းမာရေးရူထောင့်ဘက်က နေဆို နစ်သက်စေမယ့်ရသာပါ။ ဂျပန်လူမျိုး နဲ့  တရုတ်လူမျိုး အများစု လာရောက် စားသုံးလေ့ရှိတယ်ဆိုတာလည်း သိခဲ့ရပါတယ်။

‪#‎စားဖြစ်ခဲ့တာက‬..
Seafoods နဲ့  chicken set လေးပါ။ Seafoods set မှာတော့ ပုစွန် ငါး ပြည်ကြီးငါးတို့ ပါဝင်ပြီး Chicken set မှာတော့ အသားလွှာထားတဲ့  ကြက်သားပြားလေးတွေပါ။ ထူးတို့  သုံးယောက် သွားစားခဲ့ကြပေမယ့် 2set ပဲမှာပြီး တခြား ထပ်စားချင်တဲ့  အကြော်လေးတွေကို မှာစားခဲ့ကြတာပါ။ အချိန်ကန့် သတ်ချက်လည်း မထား တဲ့အတွက် အဆင်ပြေပါတယ်။ နောက်တခုက သုံးယောက်သွားစားကြပေမယ့် 3set မှာရမယ်လို့  ကန့် သတ်မထားပါဘူး။ ထူးတို့ လို တခြားစားချင်တဲ့အစာအစာနဲ့ လူ

သုံးယောက်ကို 2set ပဲမှာပြီး စားသုံးလို့ လည်း ရပါတယ်။ အသားတစ်မျိုး အရွက်တစ်မျိုး ပါ 1set ကို ၇၀၀၀ကျပ်ပါ။

‪#‎သပ်သပ်စားဖြစ်တာလေးတွေရှိသေးတယ်‬

‪#‎ရွှေဖရုံသီးကြော်‬
ရွှေဖရုံသီး ကို ထောင်းပြီးအထဲမှာပဲအမဲကို အစာသွတ်ထားတာပါ။ဖရုံသီးရဲ့စိမ့်စိမ့်အရသာလေးက ချိုချိုလေးခံစားရပါတယ်။ တပွဲမှာ ၅လုံးပါပြီးတပွဲကို ၂၅၀၀ကျပ်ပါ။

‪#‎ထျန်ရှန်း‬ ပုစွန်ပြားကြော်

သူလည်း စားကောင်းတာပါဘဲ။ ဟီး...အစားအသောက် ဆို အားလုံးကစားကောင်းနေတော့လေ။ ပုစွန်ရဲ့  အရသာ ကိုပြည့်ပြည့်ဝဝခံစား ရပါတယ်။ တွဲဖက်အချဉ်လေးကလည်း အရသာတစ်မျိုးလေး ရနိုင်ပါတယ်။ သူကတပွဲ၄၀၀၀ကျပ်ပါ။

# အအီပြေလေး မုန့် လာဥနီ ဖျော်ရည်လေးသောက်ဖြစ်ခဲ့ပါတယ်။ အားလုံးလည်းစားပြီးတော့ ဗိုက်ကလည်း တင်းလာပြီ။ အဲ့တော့ သဘာဝ အသီးအရသာ ဖြစ်တဲ့ မုန့် လာဥနီဖျော်ရည်ကို ထပ်သောက်ဖြစ်ခဲ့တယ်။ သဘာဝအရသာအတိုင်းရာသီပေါအသီးအနှံတွေကို သဘာဝအတိုင်း ဖျော်ပေးတာပါ။ အရသာလေးလေးပင်ပင်ကြိုက်နှစ်သက်သူတွေအတွက်လည်း လိုအပ်သလို အချို ရည်တွေဘာတွေကို ဖြည့်စွက်ပေးပါတယ်တဲ့။ ထူးကတော့ သဘာဝအရသာလေးကိုပဲသောက်ခဲ့ပါတယ်။ တစ်ခွက်ကိုတော့ ၂၀၀၀ကျပ်ပါ။

‪#‎အားလုံးသေချာပြန်ပြောပြမယ်နော်‬

ဆိုင်လေးတည်နေရာက အမှတ်(38/40) ဗိုလ်ရာညွန့် လမ်း၊အပေါဘလောက်၊ဒဂုံမြို့ နယ် မှာပါ။အသေးစိတ်စုံစမ်းချင်ရင်တော့ ဖုန်းနံပါတ် ၀၉-၂၅၄၂၆၆၇၀၅ နဲ့  ၀၉-၂၆၃၉၅၉၇၁၇ကို ဆက်သွယ်နိုင်ပါတယ်။ ထူးခု ပြောပြတဲ့ အသားတစ်မျိုး ဟင်းရွက်တပွဲကို ၇၀၀၀ကျပ်ပါနော်။ကျန်းမာရေးနဲ့သင့်လျော်တဲ့  အစားအစာတခုမို့  ဝေမျှလိုက်တာပါရှင့်။

Htoo Htoo ( MyLann)