ကုမ္ပဏီနှစ်ပတ်လည်ပွဲတွေ၊ မိတ်ဆုံစားပွဲလုပ်ချင်သူတွေအတွက် သင့်တော်စေမယ့်ဆိုင်လေးတစ်ဆိုင်ကို ညွှန်းပေးချင်ပါတယ်ရှင် 805 views


MyLann မှာခဏခဏ လာမေးတက်ကြတယ်ရှင့်၊ သီးသန့်ခန်းပါပြီး အေးအေးဆေးဆေးရှိတဲ့ဆိုင် မျိုး၊ မိသားစုနဲ့ညစာကောင်းကောင်းလေးစားလို့ရမယ့်ဆိုင်မျိုး၊ မွေးနေ့ပွဲ လုပ်လို့ရတဲ့ဆိုင်၊ နိုင်ငံခြားကဧည့်သည် တွေကို မြန်မာအစားအစာတွေနဲ့ အဆင့်မြင့်မြင့်ဧည့်ခံလို့ရတဲ့ဆိုင်မျိုး၊ နောက် ကုမ္ပဏီကလုပ်တဲ့ပွဲတွေအတွက် အဆင်ပြေပြေ Service ပေးနိုင်တဲ့ဆိုင်မျိုးရှာနေ သူတွေအတွက် ဒီဆိုင်လေးကိုညွှန်းလိုက်ပါရစေရှင်။ အမှန်တော့ ဟန်နီလဲ ကုမ္ပဏီ နှစ်ပတ်လည်အနေနဲ့ မိတ်ဆုံစားပွဲလေးလုပ်ဖို့ရှိလို့ ဒီဆိုင်လေးကိုသတိရပြီး လာစုံစမ်းဖြစ်ခဲ့တာ။ အဲ့ဒီမှာမှ ပွဲလုပ်ချင်တဲ့သူတွေ အတွက် ဒီဆိုင်နဲ့ပတ်သတ်လို့အချက်အလက်လေးတွေကို အားလုံးလဲသိရအောင် ပြန်ပြောပြပေးမယ်နော်။

ဒီဆိုင်လေးကတော့ တိုင်းရင်းသားအစားအစာတွေကို တစ်စုတစ်ဝေးထဲ၊ တစ်နေရာထဲမှာ ရနိုင်တဲ့ တိုင်းရင်းသား ဆိုတဲ့ ရိုးရာစားသောက်ဆိုင်လေးပါ။ သာမန်နေရာ ကနေခွဲထွက်ပြီး တိုင်းရင်းသားအစားအစာ ဆန်းဆန်းလေးတွေကို ရိုးရာအငွေ့အသက်လေးတွေခံစားပြီး စားသုံးချင်တဲ့ သူတွေ အတွက်အသင့်တော်ဆုံး ဆိုင်လေးပါ။

အဲ့ဒီဆိုင်မှာအပြင်အဆင်တွကလဲ ရိုးရာဆန်ဆန်လေးပြင်ဆင်ထားတယ်၊ နံရံတွေမှာလဲ မြန်မာ့ယဉ်ကျေးမှုကို ဖော်ကျူးထားတဲ့ ပန်းချီကားလေးတွေရယ်၊ နောက်ပြီး စောင်း၊ ပတ္တလား စတဲ့ မြန်မာ့တူရိယာတွေကို ချိတ်ဆွဲထားလို့ တကယ်ကိုမြန်မာ့ရိုးရာအငွေ့အသက်တွေကိုခံစားလိုက်ရတယ်။ နောက်ပြီး မြန်မာသံစဉ်ဂီတ လေးတွေပါဖွင့်ထားတော့ တကယ့်ကို မြန်မာဆန်တဲ့ အငွေ့အသက်တွေပြည့်နှက်နေလို့ Foreigner တွေကို လာရောက်ဧည့်ခံချင်တဲ့သူတွေအတွက်လဲ တကယ့်ကိုနေရာကောင်းတစ်ခုပါပဲရှင်။

ဆိုင်က သုံးထပ်ရှိတယ်ရှင့်၊ အောက်ဆုံးမှာက Car Parking ထားပေးထားလို့ ကားရပ်ရလဲအဆင်ပြေ ခေါင်းစားစရာမလိုတော့ဘူးပေါ့။ နောက် ပထမထပ်နဲ့ ဒုတိယထပ်နဲ့ပေါင်းရင် လူအယောက် (၂၅၀)လောက်တော့ ဆံ့ပါတယ်။ ဒါပေမဲ့ ဒုတိယထပ်က Decoration ပြင်ဆင်နေဆဲဖြစ်လို့ လောလောဆယ်တော့ သုံးလို့မရနိုင်သေးပါဘူး။ နောက်တစ်ခုက Private Room တွေကို Room Charges အနေနဲ့ တစ်ခန်းကို (၅၀၀၀)ကျပ်ယူပါတယ်တဲ့ရှင်။ အချိန်ကတော့အကန့်အသတ်မထားပါဘူးတဲ့ရှင်။ တစ်ခန်းမှာဆိုရင်လဲ (၁၀)ယောက်ခန်း၊ (၁၂)ယောက်ခန်းဆိုပြီးတော့ရှိပါတယ်။ ချွင်းချက်တစ်ခုကတော့ မွေးနေ့ပွဲအတွက်အခန်းငှား ရင် Room Charges မပေးရဘူးတဲ့ဆိုတော့ Birthday Present ပေးတဲ့သဘောပဲပေါ့နော် :D ဘာပဲဖြစ်ဖြစ် ကောင်းပါတယ် :D ဆိုင်ပုံလေးတွေလဲတစ်ချက်လေ့လာ လို့ရအောင် ထည့်ပေးလိုက်တယ်နော့

ပြီးတော့သူတို့အနေနဲ့တစ်ခုပြောတာက ဟန်နီတို့ Customer တွေရဲ့ သုံးမယ့် High Budget, Medium Budget အလိုက်အဆင်ပြေအောင် Menu ဆွဲပေးတယ်တဲ့ရှင့်။ အဲ့ဒီနေရာမှာလဲ Set Menu နဲ့ Buffet ကို ကိုယ် ကြိုက်တဲ့ပုံစံမျိုးနဲ့အဆင်ပြေအောင်ဆွဲပေးတယ်ဆိုတော့ ဟန်နီတို့ခေါင်းသိပ်စားစရာမလိုတော့ဘူးပေါ့နော်။ မဟုတ်ရင် သုံးမယ့် Amount နဲ့ သူ့ဆီက Menu တွေနဲ့ကလဲ Fix ဖြစ်ချင်မှဖြစ်မှာလေ။ အခုလို သူတို့ဘက်က ညှိပေးတယ် ဆိုတော့လဲ အဆင်ပြေတာပေါ့နော်။

အစားအစာတွေအနေနဲ့ဆိုရင်လဲ တိုင်းရင်းသားအစားအစာမျိုးစုံရတယ်ရှင့်။ မြန်မာအစားအစာလည်း ရတယ်။ ပြီးတော့ အစားအစာတွေကိုလဲ ကျန်းမာရေးနဲ့ညီညွှတ်အောင် ဆီနည်းနည်းပဲသုံးထားပြီး လတ်ဆတ်တဲ့အသီးအရွက်တွေကိုပဲသုံးထားတယ်တဲ့။ တိုင်းရင်းသားအစားအစာလဲဖြစ်၊ ကျန်းမာရေးနဲ့လဲ ညီညွတ်စေဖို့ ချက်ပြုတ်တဲ့အခါ ဆီနည်းနည်းပဲထည့်သုံးတယ်။ ပြီးတော့ လက်ကြိတ်ဆုံဆီ(ပဲဆီ)စစ်စစ် ကိုပဲသုံးတယ်၊ သတ်သတ်လွတ် သမားတွေအတွက် သံလွင်ဆီကိုသုံးပေး တယ်။ နောက်ပြီး အချိုမှုန့်လုံးဝ မသုံးပဲ အချိုအရသာအတွက် ကြက်သားကိုပြုတ်ထားတဲ့အချိုရည်နဲ့ပဲ အရသာစပ်တယ်၊ ပြီးတော့ Vinega မသုံးပဲ ချဉ်စော်ကားသီး၊ မရမ်းပြား၊ သံပုရာသီးနဲ့ ရှောက်သီးတွေကို အချဉ်အနေနဲ့သုံးထားတယ်တဲ့ရှင်။ သူတို့ဘက်ကအခုလိုရှင်းပြပေး တော့လဲ ဟန်နီတို့ဘက်က ဆိုင်ရွေးတဲ့အခါမှာ ဒီဆိုင်ရဲ့အားသာချက်တစ်ခု အနေနဲ့ထည့်စဉ်းစားရမှာပေါ့နော်။

ဟန်နီလဲ Menu တွေကြည့်ရင်း ဗိုက်ကလဲဆာ၊ နေ့လည်ထမင်းစားချိန်လဲဖြစ်တာနဲ့ အဲ့ဆိုင်က Menu အသစ်လေး ကိုလဲမြည်းစမ်းကြည့်ရင်နဲ့ပေါ့နော်၊ စားခဲ့သေးတယ်။ ပွဲလုပ်မယ့်ဟာနဲ့ပက်သတ်ပြီးတော့ စကားတွေလဲပြောရတာများတော့ ဗိုက်ကဆာသွားတယ်ထင်ပါတယ် :P အဲ့ဒါနဲ့ပဲ မှာလိုက်ပါတယ်။ ဒါနဲ့ Menu Book လေးက အဖုံးကို ဝါးနဲ့တန်ဆာဆင်ထားလို့ ကြည့်ရတာလုံးဝမြန်မာဆန်နေပါတယ်၊ ရိုးရိုးလေးနဲ့ အမြင်ဆန်းတယ်။ လေ့လာလို့ရအောင် ဓါတ်ပုံလေးထပ်ထည့်ပေး လိုက်တယ်နော်။ ဒါနဲ့ အစား ဘက်ပြန် လှည့်ရအောင် :P မှာစားဖြစ်ခဲ့တာတွေက ကရင်တာလပေါဟင်း၊ ချင်းကြက်သားသုပ်၊ ကယားဝက်အူချောင်း အဲ့တာတွေကို Today Special ထဲကပဲကြည့်ပြီးမှာလိုက်တာ။ Menu အသစ်တွေလို့လဲပြောတယ်။

အဲ့မှာဆိုရင် ‪#‎ချင်းကြက်သားသုပ်‬ ဗမာကြက်နဲ့သုပ်တာ ဆိုတော့လဲ သဘာဝအရသာပေါ်လွင်စေတာပေါ့နော်။ အဲ့မှာထည့်ထားတာတွေက မုန်ညင်းစိမ်း၊ ဂေါ်သခါးသီး၊ ဂျင်း၊ ကြက်သွန်ဖြူ၊နီ တွေ။ အဲ့ဒါကိုမှ ဆီနည်းနည်းပဲ ထည့်ပြီးသုပ်ထားတာ။ သူကကျ တစ်ပွဲ(၇၀၀၀)ပါ။

နောက်တစ်ခုက ‪#‎ကရင်တာလပေါဟင်းရည်‬ သူက ကရင်ရိုးရာဟင်းရည်တစ်မျိုးပါ။ ဟန်နီတို့အရင်က သောက်ဖူးသလို အချဉ်တွေ၊အစပ်တွေအဲ့လိုတော့ မဟုတ်ဘူးရှင့်။ သူကကျတေ့ ငါးခူနဲ့ချက်ထားတယ်၊ ဆန်မှုန့်လဲနဲနဲပါလို့ ပြစ်ပြစ်လေးနဲ့ အရသာကတစ်မျိုးလေး။ ပြီးတော့ဒီဟင်းရည်က အားရှိ စေလို့ ဆန်ပြုတ် သဘောမျိုးနဲ့လဲသောက်ကြတယ်တဲ့။ သူကတစ်ပွဲကို (၅၀၀၀)တဲ့။

နောက်ဆုံး ‪#‎ကယားဝက်အူချောင်း‬ သူ့ကိုကျတော့လွိုင်ကော်ဘက်ကနည်းအတိုင်းလုပ်ထားပါတယ်။ ကယားဝက်အူချောင်း စားဖုးတဲ့ သူတွေကတော့ ဒီအရသာကိုသိကြမှာပါ။ အထဲမှာ ထည့်ထားတဲ့ အစာပလာနဲ့  အရသာတွေကတော့ နူတ်ကို အရမ်းမြိန်စေတယ်လေ။အရသာက စပ်စပ်လေး ။ ။ ပြီးတော့ အဆီလည်း နည်းတယ်။ သူကတစ်ပွဲ (၇၀၀၀)။

ကိုယ်တွေစားတာ လူ သုံးယောက်လောက်ကို 20500 ကျပါတယ်။ ပုံမှန် ဆိုရင်တော့ဈေးများတယ်လို့ပြောနိုင်ပါတယ်။ ဒါပေမဲ့ တခြားနိုင်ငံခြားစားသောက်ဆိုင်တွေနဲ့  တစ်ချက်ယှဉ်ကြည့်မယ်ဆိုရင် Local စားသောက်ဆိုင်လည်း ဖြစ် ပေးတဲ့ Service ကလည်း အဆင်ပြေ ဈေးနှုန်းတွေလည်း သိပ်မကွာတော့ တိုင်းရင်းသား အစားအစာတွေကို အရသာရှိရှိ စားသုံးနိုင်တဲ့ ဒီနေရာလေးကို ပိုသဘောကျမိပါတယ်။

ကဲ ပြောတာတွေလည်း စုံသလောက်ရှိပြီ ဆိုတော့ ဒီလောက်နဲ့ပဲရပ်လိုက်တော့မယ်နော် ။ ဆိုတော့ ဒီ တိုင်းရင်းသား စားသောက်ဆိုင်လေးမှာ အရသာရှိတဲ့ တိုင်းရင်းသား အစားအစာတွေ မြည်းစမ်းရင်း မွေးနေ့ပွဲ လုပ်ချင်သူတွေအတွက် အထူးသင့်တော်တယ် ဆိုတဲ့ အကြောင်း ညွန်းချင်ပါတယ်။ နောက်ပြီး Staff Party နဲ့ Cathering (Outdoor Service) တွေကို Set Menu နဲ့ရော၊ Buffet အနေနဲ့ပါ Customer တွေစိတ်ကြိုက်မှာယူနိုင်ပါတယ်။ ပြီးတော့ Master Card, Visa Card, MPU, CPU, JCB, Dollor, MMK တွေနဲ့လဲ ကိုယ်အဆင်ပြေသလိုငွေပေးချေနိုင်တယ်တဲ့။


အသေးစိတ်သိချင်တဲ့အချက်တွေရှိရင် တိုင်းရင်းသားရဲ့  ဝဘ်ဆိုက်စာမျက်နှာ ဖြစ်တဲ့ www.taingyinthar.com.mm မှာလဲ သွားရောက်လေ့လာနိုင်ပါတယ်။ အဲ ဆိုင်လေးက နှစ်ဆိုင်ရှိပါတယ်။ ဟန်နီသွားပြီး မြည်းစမ်းခဲ့တဲ့ဆိုင်ကတော့ ရန်ကင်းဘက်က ဆိုင်လေးပါ။ လိပ်စာကတော့ အမှတ်(၂/အေ)၊ ကန်ဘဲ့လမ်း၊ (၆)ရပ်ကွက်၊ ရန်ကင်းမြို့နယ် မှာပါ။ ဖုန်းကတော့ 09787154799, 09786433059 ပါ။ နောက်ပြီး မရမ်းကုန်းမှာလဲ တိုင်းရင်းသား တစ်ဆိုင်ရှိပါသေးတယ်တဲ့ ။ လိပ်စာကတော့ အမှတ် ၅/အေ၊ မေခလမ်းနှင့်ပါရမီလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်မှာပါ။ ဖုန်းက 019660792, 0973221717 ပါ။

Reserve လုပ်ချင်တဲ့သူတွေ Delivery မှာချင်တဲ့သူတွေ အပေါ်ကပေးထားတဲ့ဖုန်းတွေကိုဆက်လို့ရပါတယ် ဆိုတဲ့ အကြောင်း သတင်းစကားပါးလိုက်ပါတယ်နော်။

Honey (MyLann)

‪#‎MyLann‬ ‪#‎Foodinyangon‬ ‪#‎FoodieMyanmar‬ ‪#‎TaingYinThar‬ ‪#‎Restaurant‬