Dessert ကြိုက်တဲ့ကိုကိုမမတွေရေ… သိပြီးကြပြီလား Flower Pot ဆိုတာ 1544 views


မြန်မာနိုင်ငံမှာ ပထမဦးဆုံးအနေနဲ့တွေ့ရတဲ့ Flower Pot ရောင်းတဲ့ဆိုင်လေးကိုတွေ့ခဲ့တာတော့ ‘Toki Bakery’ ဆိုတဲ့ဆိုင်လေးမှာပါ… ဒီဆိုင်ကိK သူငယ်ချင်းတွေရဲ့ကျေးဇူးနဲ့ရောက်ခဲ့တယ်… ဘာမပြောမဆိုပဲ ဒီဆိုင်ခေါ်သွားပြီး ကိုယ့်အတွက် Flower Pot လေးတွေကို Birthday Cake အစားလုပ်ပေးပြီးတော့ ကိုယ့်မွေးနေ့ကို Surprise လေးလုပ်ပေးခဲ့ကြလို့ပါ…. ဒီဆိုင်လေးနဲ့ပတ်သတ်တဲ့အသေးစိတ်လေးတွေကို အောက်မှာဖတ်ကြည့်ပေးနော်

 

ဒီဆိုင်လေးရဲ့ အဓိကက Café & Bakery. ဆိုင်လေးကအေးအေးဆေးဆေးလေးရှိတယ်။ သီချင်းအေးအေး လေးတွေနဲ့ ပတ်ဝန်းကျင်ကလည်းအငြိမ်လေးပဲ ထိုင်လို့ကောင်းတယ်။ နံရံမှာကပ်ထားတဲ့ Wallpaper လေးတွေကလည်း Bakery နဲ့ပတ်သတ်တဲ့ ပုံလေးတွေနဲ့။ နောက် အပြင်ကိုလည်းလှမ်းမြင်နေရတယ်။ ဆိုင်ကသိပ်အကျယ်ကြီးမဟုတ်တဲ့အတွက် ညနေပိုင်းတွေဆိုနေရာမရမှာဆိုးရတယ်။ ဒီမှာ Coffee, Milkshake, Smoothie, Frappe, Soda အပြင် ကိတ်နဲ့အခြား Dessert လေးတွေရှိပါတယ်။ ဈေးနှုန်းလေးတွေမှာဆိုရင်လည်း Drink Menu မှာဆိုရင် (၂၀၀၀)ကနေ (၃၀၀၀)၊(၃၅၀၀)အတွင်းပဲရှိသလို Bakery ပိုင်းမှာဆိုရင်လည်း (၂၀၀၀)၊ (၃၀၀၀)၊ (၄၀၀၀)ပတ်ဝန်းကျင်ပဲရှိတဲ့အပြင် အဲ့ဒါတွေဆိုရင် တစ်မျိုးကိုအနည်းဆုံးနှစ်ယောက်၊ သုံးယောက်လောက်တောင်စားလို့ရတယ်။ အရမ်းကြီးဈေးများတဲ့ထဲမပါဖူး။

 

Flower Pot ကိုမြင်မြင်ချင်းမှာအများစုကတော့ Cup Cake လို့ထင်ကြမိမယ်ထင်တယ်။ အက်မင်ကိုယ်တိုင် လည်းအဲ့ဒီလိုထင်ခဲ့ဖူးလို့ပါ… အမှန်ကတော့ပန်းအိုးလို့တော်တော်များများသိထားကြတဲ့အလှအိုးလေးထဲမှာ Mousse လို့ခေါ်တဲ့ ခရင်မ်လိုပုံစံတူအိအိလေးနဲ့ Oreo အမှုန်လေးတွေကိုတစ်လွှာချင်းစီထည့်ထားတာပါ။ အဲ့ဒီအပေါ်မှာမှ ခရင်မ်ကိုပန်းပွင့်လေးတွေပုံဖော်ပေးထားတယ်။ သူကနို့နဲ့ချောကလတ်အရသာနှစ်မျိုးရှိတယ်။ ကိတ် ဒါမှမဟုတ် Dessert ကြိုက်တဲ့သူတွေအတွက် အရသာသစ်တစ်မျိုးပေးစွမ်းတဲ့ဒီ Flower Pot လေးကတစ်ခွက်ကို (၂၂၀၀)ကျပ်ပါ။ အရသာကနို့ဆိုရင်တော့နဲနဲလေးအချိုဘက်သွားတယ်။ ချောကလက်တော့နဲနဲလေးအခါးဘက်သွားပေမယ့် အရမ်းကြီးလွန်ကဲနေတာမျိုးတော့မဟုတ်ပါဖူး… ဒီ Flower Pot လေးကချစ်ဖို့ကောင်းနေတော့ စားတောင်မစားရက်ဖူး။ သူနဲ့ဓါတ်ပုံတွဲရိုက်လည်းလှနေရောပဲ….

 

နောက်တစ်မျိုးက Japanese Ice Cream Toast သူ့မှာကပေါင်မုန့်မီးကင်ကိုမှ အပေါ်မှာ ရေခဲမုန့်၊ ဝေဖာချောင်းလေးတွေနဲ့အအတူ၊ Brownie နဲ့ ချောကလက်အရည်ပါစမ်းထားတယ်။ ဘေးမှာလည်းစတော်ဘယ်ရီသီးလေးတွေဝန်းရံပေးထားတယ်။ ဒါကိုအနည်းဆုံးနှစ်ယောက်လောက်စားလို့ရတယ်။ သူက (၃၅၀၀)ကျပ်။

 

Sizzling Brownie လို့ခေါ်တဲ့ဒီ Dessert လေးကလည်း မြန်မာနိုင်ငံမှာပထမဦးဆုံးတွေ့ရတဲ့ Dessert လေးပါ။ Chocolate Brownie ပေါ်မှာ ရေခဲမုန့်လေးတင်ထားပြီး အဲ့ဒါတွေကို ကိုယ်တွေသိထားတဲ့ ကျောက်အိုးပူ လို့ခေါ်တဲ့ဒယ်ပြားလေးထဲထည့်ထားတယ်။ လာချတုန်းမှာအရမ်းပူတော့အဲ့ဒါလေးတော့သတိထားပါ။ ပြီးရင် သူ့နဲ့စားဖို့ပေးထားတဲ့ ချောကလတ်အရည်လေးကိုလောင်းချလိုက်ရင် အသံကရှဲခနဲမြည်ပြီး အရမ်းကိုစားချင်စဖွယ် အနံ့အသက်တွေနဲ့ ကိုယ့်ကိုပိုပြီးဆွဲဆောင်သွားတယ်။ ဈေးနှုန်းက (၄၀၀၀)ကျပ်ပါ

 

နောက်တစ်ခုက Profiteroles သူကတော့အီကလဲလုံးလေးလိုမျိုးအလုံးလေးထဲမှာ ရေခဲမုန့်လေးထည့်ပြီး ချောကလတ်အရည်လေးစမ်းပေးထားတာ။ ဒီမှာလည်းစတော်ဘယ်ရီလေးတွေပါတယ်။ သူလဲတစ်ပွဲကို (၄၀၀၀)ကျပ်ပဲ။

 

နောက်ဆုံးတစ်ခုကတော့ Toki’s Sandwich သူက Sandwich မှာထည့်မယ့်အရာတွေကို ကိုယ့်စိတ်ကြိုက်ရွေးချယ်ပြီးထည့်လို့ရတယ်။ အသားဆိုရင်လည်းလေးမျိုးလောက်ထဲကရွေးလို့ရတယ်။ နောက် ချိစ့်၊ အသီးအရွက်နဲ့ ဆော့စ်တွေဆိုလည်းအဲ့ဒီလိုပဲ သူသတ်မှတ်ထားတဲ့ပမာဏနဲ့ရွေးချယ်လို့ရတယ်။ အဲ့ဒီမှာမှ ကိုယ်ထပ်လိုချင်တာရှိရင် Extra Charges ပေးပြီးထပ်ယူလို့ရတယ်။ ပုံမှန်ကတော့ (၃၅၀၀)ကျပ်ပါ

 

ဒီဆိုင်လေးက မွေးနေ့ပွဲတွေ၊ဘာတွေလုပ်ဖို့အတွက်လည်းသင့်တော်တယ်။ မွေးနေ့ကိတ်လည်းရတယ်တဲ့။ မနက်(၁၀)နာရီကနေည(၁၀)နာရီအထိဖွင့်တယ်။ နေရာမရမှာစိတ်ပူရင် 09-972610985 နဲ့ 09-795388053 ကိုဆက်သွယ်ပြီး Reserve လုပ်ထားလိုက်ပေါ့။ နေရာအတိအကျက အခန်း(၄)၊ တိုက်(၄)၊ လှိုင်မြင့်မိုရ်အိမ်ရာ၊ ကန်လမ်း၊ ကမာရွတ်မြို့နယ်မှာပါ(အင်းစိန်လမ်းမဘက်ကဆိုရင်တော့ပိုနီးပါတယ် ဆင်ရေတွင်းမှတ်တိုင်ကနေ သွားလို့ရတယ်၊ နောက်  ကန်ဘောင်ဘက်ကနေလည်းဝင်လို့ရပါတယ်)

 

ဒီကအစားအသောက်လေးတွေကဆန်းလည်းဆန်းလို့၊ နောက်ပြီး အမြင်ပုံစံလေးတွေကအစ ဆန်းဆန်းလေးနဲ့ ချစ်စရာလေးတွေပြင်ဆင်ထားတာဆိုတော့ Dessert ကြိုက်တဲ့ ကိုကိုတွေ၊ မမတွေအတွက် ဒီဆိုင်လေးကိုသတိ တရနဲ့လမ်းညွှန်ပေးခဲ့ပါတယ်နော်…..

 

Honey (MyLann)

#MyLann #Online_Restaurant_Directory #Online_Food_Guide #Food_Review_in_Yangon #Foodie_Myanmar #Restaurant_in_Yangon #Restaurant_in_Myanmar #Dessert_Food #Dessert #Toki_Cafe_and_Bakery #Toki #Cafe #Bakery #Hledan #Kamayut #Kan_Street