ရန်ကုန်မြို့ မှ လူကြိုက်အများဆုံး ကော်ဖီဆိုင် (၁၀) ဆိုင် 1673 views


ကော်ဖီဆိုင် ဆိုရင်တော့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ အေးအေးဆေးဆေး စကားပြောချင်ရင် ဖြစ်ဖြစ် ၊ စာဖတ်ချင်ရင် ဖြစ်ဖြစ် ထိုင်တက်ကြပါတယ်။ အခု MyLann မှ ကော်ဖီချစ်သူများအတွက် ရန်ကုန်မြို့ တွင်းရှိ လူကြိုက်အများဆုံး ကော်ဖီဆိုင်များကို သွားရောက်လေ့လာရင်း မျှဝေလိုက်ပါတယ်။

Easy Café
နာနတ်တောလမ်း ၊ စမ်းချောင်းမြို့ နယ်

နာနတ်တောလမ်းထဲက Easy Café လေးဟာ ဆိုရင် ထိုင်ရတာ အေးအေးဆေးဆေးရှိပြီး ရရှိတဲ့ အစားအစာတွေကလည်း လက်ရာ ကောင်းတယ်။ ကိုယ်အကြိုက်ဆုံး Americano တစ်ခွက်လောက် မှာပြီး စာထိုင်ဖတ်ရတာ အဆင်ပြေတယ်။ သီချင်းအေးအေးလေးတွေ အမြဲဖွင့်တက်ပြီး Wifi လည်း ရလို့ ဒီဆိုင်လေးကို သဘောကျတယ်။ သူငယ်ချင်းတစ်ယောက်ကပြောဖူးတယ် Easy ဆိုတဲ့ အတိုင်း အားလုံးက Easy ဖြစ်နေတော့ ထိုင်လို့  ကောင်းတယ်တဲ့။ ဆိုင်အပြင်အဆင်လေးကလည်း ချစ်စရာလေးပါ။

Craft Café
နဝဒေးလမ်း နှင့် ဗိုလ်ရာညွန့် လမ်းဆုံ

ဒီဆိုင်လေးက ဗိုလ်ရာညွန့် လမ်း နဲ့ နဝဒေးလမ်းဆုံမှာ ထင်ထင်ရှားရှားကြီးပါ။ ကော်ဖီအပြင် ရာသီပေါ် အသီးဖျော်ရည်တို့ လည်း ကောင်းတယ်။ ဒီဆိုင်က မုန့် တွေတော့ သိပ်မစားဖူးပေမဲ့ ကော်ဖီဖျော်တဲ့ အရသာ ကောင်းတာတော့ အသေအချာပဲ ။ အထပ်နှစ်ထပ်ရှိတော့ အပေါ်ထပ်မှာ သူငယ်ချင်းတွေနဲ့ အေးဆေး စကားပြောလို့  ကောင်းသလို ၊ အောက်ထပ်မှာ ဆိုရင်လည်း ဆိုင်ပြတင်းပေါက်ကနေ ကော်ဖီတစ်ခွက် သောက်ရင် လမ်းပေါ်ကို ငေးကြည့်ရတာက အရသာတစ်မျိုးလေးပါ။ Wifi ပေးထားပေမဲ့ ကိုယ်တော့ ဝင်ကြည့်တာ ဝင်မရဘူး :P

Ya Kun
FMI Center ၊ ဗိုလ်ချုပ်လမ်း

Ya Kun က ကော်ဖီကို ကြိုက်ရခြင်းက ကိုယ်ပိုင်ဟန်နဲ့ ဖျော်ထားတဲ့ လက်ရာကြောင့်မို့ လို့ ပါ။ စင်္ကာပူ ပင်ရင်းပါ။ တခြားကော်ဖီမျိုးစုံရပေမဲ့ ဆိုင်လေးကို ရောက်တိုင်း Ya Kun ကော်ဖီနှပ်ဖျော်ရယ် ထောပတ်နဲ့  Kaya Toast တစ်ပွဲကတော့ အမြဲစားဖြစ်တယ်လေ။ ကောင်တာမှာငွေရှင်းရင်း ခရားအိုးထဲက ရေနွေးဆူဆူကြီးတွေကို လောင်းချပြီး ကော်ဖီဖျော်နေတာကို ငေးကြည့်ရတာကိုက ဖီင်္းလင်တစ်မျိုးပါ။ ကော်ဖီလေးကလည်း မွှေးနေရော..။ Wifi ရပါတယ်။

Bar Boon
ဗိုလ်ချုပ်လမ်း

Ya Kun နဲ့ တစ်ဖက်မှာ ရှိတဲ့ ဆိုင်လေးပါ။FMI စင်တာမှာပါ။ သူက ကော်ဖီကောင်းကောင်းအပြင် အရသာရှိတဲ့ ရာသီပေါ် သစ်သီး ဖျော်ရည် Mix လုပ်ထားတာတွေ ကောင်းတယ်။ ပြီးတော့ ဒီဆိုင်က Apple Pie ကလည်း အရသာရှိတယ်။ ဆိုင်ရဲ့ အပြင်ဘက် စားပွဲတွေမှာ ဘော်ဒါတွေနဲ့ စကားထိုင်ပြောလို့ ကောင်းတယ်။ Out door ပြင်ဆင်ထားတာလည်း မိုက်တယ်။

Café Genius
၃၁လမ်း ၊ အပေါ်ဘလောက် ၊ Central Hotel ဘေးလမ်း

ဒီဆိုင်လေးရဲ့  ထူးခြားချက်က ကိုယ်ပိုင်ခြံနဲ့ စိုက်တဲ့ ကော်ဖီစေ့တွေကို ကိုယ့်ဆိုင်မှာပဲ ကော်ဖီကြိတ်ပြီး ဖျော်ပြီး ရောင်းတာပါ။ ပြောရရင် Local Product Coffee ဆိုင်လေးလို့ တောင် ပြောလို့ ရတယ်။ ကော်ဖီဆိုင်တော်တော်များများ ထိုင်ဖူးတဲ့ အထဲမှာ ဒီဆိုင်လေးက ကိုယ် French Press တို့  Drip Coffee တို့ ကို ပထမဆုံး သိခဲ့တဲ့ ဆိုင်လေးပါပဲ။ ငရုတ်သီးမုန့် လေးတွေနဲ့ ပူပူ နွေးနွေးကြော်ပေးထားတဲ့ Angry Potato ကတော့ ကိုယ့်အကြိုက်ဆုံးပါ။
Wifi ရပါတယ်။

The Press Office
ဗိုလ်ရာညွန့် လမ်း

ဒီဆိုင်လေးက Craft Café ရဲ့  ဘေးနားလေးပါပဲ။ ဆိုင်လေးက သေးသေးလေးနဲ့ ထိုင်လို့  ကောင်းတယ်။ ဒီဆိုင်က Brownie တို့  Cookie တို့ လည်း ကောင်းတယ်။ ဆိုင်အပြင်အဆင်လေးကလည်း ရိုးရှင်းပြီး ချစ်စရာ ကောင်းတယ်။ ဆိုင်ကလည်း နှစ်ထပ်ဆိုတော့ အပေါ်ထပ် မှန်တံခါးလေးကနေ ထိုင်ပြီး ကော်ဖီသောက်ရတာ ၊ စာဖတ်ရတာ သက်သောင့်သက်သာရှိတယ်။ Wifi လည်း ပေးထားတော့ ကွန်ပျူတာ သုံးရင်း အလုပ်လေး ဘာလေး လုပ်လို့ ရတယ်။

The District Coffee Lounge
ဆရာစံလမ်း နဲ့ ကုက္ကိုင်းရေကူးကန်လမ်းထောင့်

ဆရာစံလမ်းပေါ် နဲ့ ကုက္ကိုင်းရေကူးကန်လမ်းထောင့်လေးမှာ ရှိတဲ့ The District Coffee Lounge ကတော့ မြင်လိုက်တာနဲ့ စိတ်ဝင်စားဖို့  ကောင်းအောင် ပြင်ဆင်ထားတယ်။ အပေါ်မှာ ကော်ဖီခွက်လေးတွေ တွဲလောင်းချိတ်ထားပြီး သစ်သား ထိုင်ခုံ ဒီဇိုင်လေးတွေ လုပ်ထားတယ်။ ဒီဆိုင်ကတော့ Green Tea Latte နဲ့  Green Tea Cake ကတော့ Special ပါ။ Wifi ရပြီး လိုင်းကတော့ ပုံမှန်ပါပဲ။

Meringue Café
ဗိုလ်ရာညွန့် လမ်း

ဒီဆိုင်လေးကတော့ အရင်က အလုံမြို့ နယ် ၊ ငုဝါလမ်းမှာ ဖွင့်ထားတာပါ။ အခုကတော့ ဒဂုံမြို့ နယ် ၊ ဗိုလ်ရာညွန့် လမ်းကို ပြောင်းလာပါပြီ။ Meringue ကတော့ ကိုယ်တိုင်လုပ်တဲ့ Tiramisu မုန့် နဲ့ နာမည်ကြီးပါတယ်။ ကော်ဖီကောင်းတာကတော့ပြောစရာမလိုတော့ပါဘူး ။Brownie အပေါ်မှာ ရေခဲမုန့် တင်ထားတာလေး လည်း စားလို့  ကောင်းပါတယ်။ Wifi လည်း ရပါတယ်။

Espressonite
Food Village , လှည်းတန်းစင်တာ

လှည်းတန်းစင်တာ အပေါ်ဆုံးထပ်က Food Village မှာ ဖွင့်ထားတဲ့ Espressonite ကော်ဖီကတော့ Espresso ကော်ဖီကို အထူးစီမံထားပေးထားပါတယ်။ ကော်ဖီကောင်းသလို ကိတ်ကောင်းကောင်းလည်း ရပါတယ်။ လှည်းတန်းစင်တာရောက်ရင် Food Village မှာ တစ်ခုခုစားရင်း ကော်ဖီသောက်ချင်ရင် အဆင်ပြေပါတယ်။ Wifi တော့ မရပါဘူး။

Innwa Books and Café
ဒုတိယထပ် ၊ မြန်မာပလာဇာ

စာအုပ်ချစ်သူ ကော်ဖီချစ်သူတွေ တော်တော်များများ ရောက်ဖြစ်တဲ့ နေရာလေးပါ။ ဒီဆိုင်လေးမှာ ကော်ဖီသောက်ရင်း စာအုပ်တွေ ဖတ်လို့ ရတယ်။ ဆိုင်လေးက ကော်ဖီနဲ့ စာအုပ်ဆိုင်ဆိုတော့ စာအုပ်တွေကြောင့် နည်းနည်းကျဉ်းသလိုပါပဲ။ ဒါပေမဲ့ ကိုယ်စိတ်ကြိုက် စာအုပ်တွေ ရွေးမယ် ပြီးရင် ကော်ဖီကောင်းကောင်း သောက်ရင်း ထိုင်ဖတ်မယ် ဆိုရင် အဆင်ပြေတယ်လေ။ ပိတ်ရက်ဆိုရင်တော့ လူများတယ်။ Wifi ကတော့ မရပါဘူး။

MyLann