ကျောက်ငါးကိုမှ ကျောက်အိုးနဲ့ပေါင်းတယ်ဆိုတဲ့ Uncle MC 1083 views


ကျောက်ငါးကိုမှ ကျောက်အိုးနဲ့ပေါင်းတယ်ဆိုတဲ့ Uncle MC
Uncle MC အကြောင်းမေးနေတဲ့ သူငယ်ချင်းတွေအတွက် ဒီဆိုင်လေးနဲ့ပတ်သတ်တဲ့ Information လေးပြန်ရှဲပေး လိုက်ပါတယ်။ Uncle MC က ကမာရွတ်၊ ကန်လမ်းထဲမှာရှိပါတယ်။ ဆိုင်နေရာကျယ်ကျယ်ဝန်းဝန်းနဲ့ ကားပါကင်အတွက်လည်း မပူရတဲ့အပြင် ဆိုင်ထဲမှာဆိုရင်လည်း ဝင်ဝင်ချင်းလေးမှာကို အလယ်တည့်တည့်မှာ အကန့်လေးတွေလုပ်ထားပြီး ပန်းစည်းလေးတွေ၊ ပန်းအိုးလေးတွေကို ပြတင်းပေါက်ပုံစံအကန့်လေးထဲမှာ ချစ်စဖွယ် Decoration လေးပြင်ထားပါတယ်။ ခုံလေးတွေကလည်း ဆိုဖာလေးတွေဆိုတော့ထိုင်ရတာလည်း သတ်တောင့်သက်သာနဲ့ ချစ်ဖို့ကောင်းပါတယ်။ Baby Chair လေးတွေဆိုရင်လည်း အဆင်လန်းလန်းလေးတွေနဲ့ ဘေဘီလေးတွေတော့ထိုင်ပြီးရင်တောင် မ ထ ချင်အောင်ဖြစ်နေမှာပဲ။ နောက်တစ်ခုက ဆိုင်ထဲမှာ Uncle MC ရဲ့ Foto Booth လေးရှိတယ်ဆိုတော့ ဘယ်နေရာရောက်ရောက် Sefie ဆွဲတတ်တဲ့ (ကိုယ်နဲ့ဝါသနာတူ)ခေးတွေရှိရင်လည်း မိုက်ပြီပေါ့။

ဘေးအဘက်အစွန်ဆုံးအတန်းကစားပွဲဝိုင်းတွေမှာ တစ်ဝိုင်းနဲ့တစ်ဝိုင်းကို အကန့်လေးတွေကန့်ပေးထားတော့ သီးသန့်ဖြစ်နေသလို ခံစားရတယ်။ ကိုယ့်ဘော်ဒါအပေါင်းအသင်းတွေ၊ မိသားစုတွေနဲ့ဆိုစားရင်းသောက်ရင်း စကားပြောရင်း အေးအေးဆေးဆေးရှိသွားတာပေါ့။ နောက် Private Room လည်းရှိတဲ့အပြင် Room Charges ကလည်း Free ပါတဲ့။ ဒီအခန်းလေးတွေမှာအေးဆေးထိုင်ချင်ရင်တော့ ကြိုပြီး Reserve လုပ်မှသာစိတ်ချရမှာ ပါ။(Private Room မှာဆိုရင် Smoking လည်းရတယ်တဲ့) ဒီဆိုင်လေးက ကလေးလေးတွေမှအစ၊ သူငယ်ချင်းတွေစုပြီလာစားဖို့အတွက်ရော၊ ချစ်သူနဲ့ဒိတ်ဖို့ အတွက်ရော၊ အလုပ်ကလုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဆုံစားပွဲပါတီတွေအတွက်ရော၊ မိသားစုတွေလက်ဆုံစားဖို့ အတွက်ရော၊ နိုင်ငံခြားသားဧည့်သည်တွေ ဧည့်ခံဖို့အတွက်ပါ ခန့်ခန့်လေးရှိနေပါတယ်။ (နေရာအပြင်အဆင်တွေကိုဓါတ်ပုံထဲမှာအကုန်ထည့်ပေးထားတယ်နော်… )

အခုထပ်ပြောချင်တာက Uncle MC ရဲ့ Menu တွေ
အစားအစာပိုင်းမှာဆိုရင် အဓိကရတဲ့အစားအစာက ငါးပေါင်း။ ဒါပေမယ့် ရိုးရိုးငါးပေါင်းတော့မဟုတ်ဖူး။ ကျောက်ငါးနဲ့အခြားငါးတွေကို ကျောက်အိုးနဲ့ပေါင်းထားတာ။
သူ့ကိုပြုလုပ်ပုံကလည်းအဆင့်ဆင့်ရှိတယ်။ အက်မင်သိခဲ့သလောက်လေးပြန်ရှဲပေးမယ်နော်… ပထမဆုံး ကျောက်အိုးကို Temperature 180-200 ကြားမှာ ဆေးတယ်။ ပြီးတော့မှ ကြာစွယ်၊ ကြွက်နားရွက်၊ မာလာခေါက်ဆွဲ၊ အော်စွန်း/ ဝဥ အဲ့ဒါတွေကိုအရင်ထည့်တယ်။ ထည့်ပြီးတော့ ဟင်းအနှစ်ထည့်တယ်။ ထည့်ပြီးတော့ ရေသန့်ထည့်တယ်။ ပြီးတော့ မီးဖွင့်လိုက်ပြီးတော့ အချိန်သုံးမိနစ်ပေါင်းထားတယ်။ သုံးမိနစ်ပြည့်သွားတာနဲ့ ငရုတ်သီးထည့်၊ ဆီသတ်ထားတဲ့ဆီမွှေးလေးတွေထည့်လိုက်တယ်။ ထည့်လိုက်ပြီးခဏအကြာချက်နေတုန်းမှာပဲ အနံ့မွှေးမွှေးလေးထွက်လာတယ် မာလာအနှစ်နဲ့ငါးရဲ့အနံ့မွှေးမွှေးလေး… အဲ့ဒါဆိုရင်တော့ စားလို့ရပြီ ဟင်းချက်တဲ့အချိန်လည်းသိပ်မကြာသလို ကိုယ့်ရှေ့မှာ သေချာချက်ပြနေတဲ့အတွက် တစ်မျိုးလေးခံစားရတဲ့ ဖီးလ်ကလည်းမိုက်တယ်

သူ့ရဲ့အရသာကဆိုရင် မဆိုသလောက်လေးငန်ပြီးထုံတယ်။ စပ်လည်းစပ်တယ်။ နောက် မာလာအနှစ်ရဲ့အရသာယဉ်ယဉ်လေးရတယ်။ စီချွမ်းစတိုင်ဆိုတော့ပုံမှန်အားဖြင့်ကတော့ထုံမှာပဲ၊ စပ်မှာပဲ။ သို့ပေမယ့် မြန်မာတွေရဲ့ပါးစပ်နဲ့အဆင်ပြေဖို့ဆိုရင်တော့အဲ့ဒီအထုံကိုလျှော့ဖို့လိုတယ်။ သူ့ရဲ့ ဟင်းရည်အရသာကို ကိုယ်တော့တော်တော်လေးခိုက်တယ်။ ဒီတိုင်းရှူှးရှူးရှဲရှဲနဲ့သောက်လည်းမိုက်သလို ထမင်းနဲ့နယ်စားလည်း အဆင်ပြေတယ်။ ငါးဖက်လေးတွေ၊ အခြားထည့်ထားတဲ့အဆာပလာလေးတွေလည်း မိုက်တယ်။ ငါးဖက်လေးတွေမှာဆိုရင်လည်း စားလိုက်ရင်နူးနူးညံ့ညံ့လေးနဲ့ ငါးစားနေရမှန်းတောင် သိပ်သတိမထားမိတော့သလိုဖြစ်သွားတယ် 
	</div>
</div>
			</div>
						    <div class=