Vietnam House Restaurant 1237 views


မနေ့က သွားစားဖြစ်ခဲ့တဲ့ Vietnam စားသောက်ဆိုင်အကြောင်း တူမောင်တို့ကို ပြန်ရှယ်ပါရစေ။

ဆိုင်နာမည်က Vietnam House တဲ့ ဗီယက်နမ်စားသောက်ဆိုင်ပေါ့ နေရာက ပန်းလှိုင်လမ်း (ဟုမ်းလမ်း) ထဲမှာ ဗီယက်နမ်လူမျိုး အစ်မတစ်ယောက် ဖွင့်ထား တာ ပြီးတော့ ဆိုင်ကဖွင့်ထားတာ ၄ လ ၅ လ ဘဲရှိသေးတယ်တဲ့။ ဆိုင်ရောက်သွားတော့ လူကလည်းသိပ်မရှိသေးတာနဲ့ ကိုယ် တစ်ယောက်ထဲ အေးဆေးပဲ ။ အဲ့ဒီတော့ ဗီယက်နမ်အစားအစာ အကြိုက်ဆွဲပြီလေ…

စားခဲ့တာတွေက…

‪#‎ဗီယက်နမ်ကော်ပြန့်လိပ်‬
ဝက်သား ကော်ပြန့်နဲ့ ပုဇွန်ကော်ပြန့်ဆိုပီး နှစ်မျိုးရတယ်…စားနေကျကော်ပြန့်လိပ်တွေနဲ့မတူပဲ ကော်ပြန့်သားကနူးနူးညံ့ညံ့လေးနဲ့ စားရတာတစ်မျိုးလေး။…ကော်ပြန့်လိပ်ထဲမှာ ဆလပ်ရွက်ရယ်၊ အသားရယ်၊ မုန့်ဖတ် တွေထည့်လိပ်ထာတယ် ဗီယက်နမ်အစားအစာ ဆိုတော့ စားခါစ အထူးအဆန်းဖြစ်လို့ ဒါပေမဲ့ စားရတာတော့ မိုက်တယ်။ တို့စရာက ငရုပ်သီးဆော့ နဲ့ ဗီယက်နမ်စတိုင် ပဲပုပ်ဆော့ နှစ်မျိုးဆိုတော့ ကြိုက်တာနဲ့စားလို့ရတယ်။ တစ်ပွဲ (၂ခု) မှ ၁ဝဝဝ ပဲဆိုတော့ စားရတာတန်တယ်နော်။

‪#‎ဗီယက်နမ်ငါးစွပ်ပြုပ်ချဉ်စပ်‬
ဒီဟင်းက ကျွန်တော်စားစားခြင်း အရမ်းကြိုက်သွားတဲ့ ဗီယက်နမ် အစားအစာဗျ။ ဟင်းချိုမှုန့်လုံးဝမသုံးပဲ ချိုချိုချဉ်ချဉ်စပ်စပ်လေးချက်ထားတဲ့ ငါးစွပ်ပြုပ်ပါ။ ငါးတစ်ခြမ်းလိုက်ကို စွပ်ပြုပ်လို ချက်ထားပြီးတော့ အချို အရသာအတွက် နားနတ်သီးစိတ်ကိုထည့်ထားတယ် ၊ အချဉ်အရသာအတွက် ခရမ်းချဉ်သီးစိတ်ထည့်ထားတယ် အဲ့တာကြောင့် အချို အချဉ်အရသာအတွက် တစ်ခြားဘာမှသုံးစရာမလိုတော့ဘဲ စားရတာတော်တော်ကောင်းနေတာ။ ရုံးပတီသီးတွေလည်းပါတယ် နောက်ပြီး ငါးစွပ်ပြုပ်နဲ့တွဲစားဖို့ ပဲငံပြာရေ လည်းပါတယ်။ တစ်ပွဲမှ ၂၅ဝဝ ပဲ ပြီးတော့ နှစ်ယောက်စားလို့ရတယ်နော်။

‪#‎ကြက်ကြော်‬
ကြက်ကြော်က သိပ်မထူးဆန်းပေမဲ့ ဗီယက်နမ် စတိုင် ကြွပ်ကြွပ်ရွရွလေး ကြော်ထားတာဆိုတော့ စားရတာ တစ်မျိုးလေးနဲ့ အရသာရှိတယ် ပီးတော့ ကြက်သားကို ကြက်သွန်ဖြူလားဘာလားမသိဘူး အဲ့ဒါနဲ့ ရောကြော်ထားတာ အနံ့ကလည်း အရမ်းမွှေးပါ့။ တစ်ပွဲမှ ၂ဝဝဝ ပဲနော်။

ဈေးလည်းသိပ်မကြီးဘူး။ ထိုင်ရတာလည်းအေးဆေးပဲ။ ဗီယက်နမ်အစားအစာ စားကြည့်ချင်တယ်ဆိုရင်တော့ ပန်းလှိုင်လမ်း (ဟုမ်းလမ်း) ရောက်ရင် Vietnam House မှာ ဝင်စားကြည့်ကြပေါ့။

Htain Lin ( MyLann)