မနက်ဖြန်သောကြာနေ့ TGIF မှာ ဘယ်သွားရကောင်းမလဲစဉ်းစားနေကြတဲ့သူတွေအတွက် 460 views


 မြို့ပြရဲ့ ဆူညံပွက်လောရိုက်မှုတွေ ၊ ရှုပ်ထွေးလှတဲ့ ကားတွေနဲ့ စိတ်ပင်ပန်း လူပင်ပန်းဖြစ်နေရတယ်ဆိုတဲ့ ကိုယ့်ဘော်ဒါတို့အတွက် လူရောစိတ်ပါ အရမ်းကို လန်းဆန်းပြီးတော့မှ Fresh ဖစ်သွားစေမယ့် နေရာလေးတစ်ခုပြောပြမယ်နော်။ အဲ့ကိုရောက်သွားရင် ကြုံရမှာတွေက ဘာတွေလဲဆိုတော့ … ညနေခင်း နေ၀င်ဆည်းဆာအောက်မှာ ဇင်ယော်လေးတွေကို ကြည့်လို့ရမယ် ၊ လတ်ဆတ်သန့်ရှင်းတဲ့ မြစ်လေ အေးအေးလေးတွေခံစားလို့ရမယ် ၊ ကမ်းခြေမှာ သောက်နေရသလို feel လေးခံစားရစေမယ်၊ ကဲ ဘယ်နေရာဖြစ်မလဲ စိတ်ဝင်စားနေပြီလား …။ တခြားတော့ မဟုတ်ပါဘူး ။ ရန်ကုန်မြို့ရဲ့ ဗိုလ်တစ်ထောင်ကမ်းနားက Vintage Luxury Yacht Hotel ရဲ့ တတိယထပ်က Bar လေးပါပဲ ။ အဲ့ဒီ Hotel ကိုတော်တော်များများကလည်း သိပြီးသားဖြစ်ချင်ဖြစ်နေမှာပါ။ ဒါပေမယ့် မနက်ဖြန်ကလဲ သောကြာဆိုတော့ TGIF ကြမယ့် ဘော်ဒါတွေလဲ သွားလို့ရအောင် mylann က ကြိုပြောပြပေးထားတာ။သူ့မှာ တခြား Bar တွေနဲ့မတူတဲ့ အချက်တွေကတော့ ဘိလယက်ခုံလဲ ထားပေးထားတဲ့အပြင် မြှားပေါက်ချင်တဲ့ လူတွေအတွက်လဲ စီစဉ်ပေးထားပါတယ်။ ဒါ့အပြင် classical သီချင်းငြိမ့်ငြိမ့်လေးတွေနားထောင်မလား ၊ လူငယ်ပီပီ အမြူးဆုံး music တွေနဲ့ ဒွန့်မလား ။ အားလုံးအတွက် အဆင်ပြေစေမယ့် အစီအစဉ်တွေရှိပါတယ်။ နေရာထိုင်ခင်းအတွက်ဆိုရင်လဲ ဘားကောင်တာမှာ ထိုင်သောက်မလား ၊ ကိုယ့်ဘာသာ အေးအေးဆေးဆေး စားပွဲဝိုင်းတွေမှာထိုင်သောက်မလား ၊ ဒါ့အပြင် ညနေဆည်းဆာချိန်မှာ မြစ်ပြင်ကြီးကိုကြည့်ရင်း အဆွေးmood အပြည့်နဲ့ထိုင်ချင်သလား ၊ ကြိုက်ရာရွေးလိုက်ယုံပါပဲနော် ။ အက်မင်တို့သွားထိုင်တုန်းကတော့ ညနေဖက်နည်းနည်းစောတဲ့အချိန် နေနည်းနည်းပူသေးတော့ အတွင်း ကစားပွဲဝိုင်းမှာပဲ ထိုင်ခဲ့ကြတယ်။ ဒီလောက်ဆို Bar ရဲ့အပြင်အဆင်လေးကို မျက်လုံးထဲပေါ်လာပြီပေါ့နော် ။ ဒါဆို… အစားအသောက်ပိုင်းလေး တစ်ချက်ပြောပြမယ်။ အဲ့က အစားအသောက်တွေကကျတော့ အများအားဖြင့်က European type တွေရတယ်။ပြီးတော့ သူ့ရဲ့ပုံစံက ကြိုက်နှစ်သက်ရာ ဟင်းအမျိုးအစား 3မျိုးကို 5000 ယူတယ်။ အဲ့နေ့က စားတဲ့တာတွေကကျတော့ .. -Cheese & Chicken Ham Crostini အရသာက စိမ့်စိမ့်လေး ၊ ကြက်သွန်အရသာကြောင့် နဲနဲစပ်တဲ့ဖက်လဲရောက်ပြီး တော်တော်လေးစားလို့ကောင်းတယ်။ -Herbed Onion Parmesam Toasts သူ့အရသာကတော့ အချိုဖက်ကို သွားတယ် ။ -Mini Ginger Chickenn Burgers with lime mayo သူ့မှာ ကြက်သွန်အရသာပါတယ် ၊ ပြီးတော့ ဂျင်း ၊ ခရမ်းချဉ်သီးရယ် ထောပတ်ရယ်။ အရသာကဆန်းဆန်းလေး၊ ကျန်တဲ့ဟာလေးတွေကလဲ သူတို့ရဲ့နာမည်လေးတွေအတိုင်း အရသာဆန်းဆန်းလေးတွေပဲ ။ နာမည်လေးတွေပဲ ပြောပြပေးလိုက်တော့မယ် ။ -Brie Cheese with Peppers & Almonds -Spanish Han with Olives and Oranges -Spicy Tuna Tartare -Pine Nut Salad Spears -Prown Cocktail Conapes -Deviled Eggs with Assorted Toppings -Deviled Eggs with Smoked Salmon and Dijon Mustards -Tuna Nicoise Crpstini ပြီးတော့ Coctails တွေ ဆိုရင်လဲ ပေးရတဲ့ဈေးနဲ့တန်အောင် အရမ်းသောက်လို့အဆင်ပြေပါတယ်။ ကိုယ်တွေတော့ Sunset Cocktail Promotion နဲ့တိုက်လို့အဲ့ဒါလေးတွေသောက်ခဲ့တယ်… ဘာတွေလဲဆိုတော့ - Vintage slim - Melon Apple Fizz - Winter Garden - Robinson Dream ဆိုပြီး 4မျိုးသောက်ခဲ့တာ …..။ တစ်ခွက်ကို (၅၀၀၀)ပဲ။ ဆိုင်ရဲ့ အပြင်အဆင်နဲ့ အစားအသောက်တွေက တစ်မျိုးထူးခြားတဲ့ အရသာကိုပေးမယ်ဆိုတာတော့ အာမခံတယ်နော်။ သြော် .. ပြီးတော့ သူ့ရဲ့ဆိုင်ဖွင့်ချိန်တွေက 12:00 PM ကနေ 12:00 AM ထိပါ။ ဆိုင်လိပ်စာအတိအကျက No.6, Botahtaung Jetty, Botahtaung Township, Yangon ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်က 01 901 0532 ကဲ mylann ကတော့ ပြောပြပေးပြီးသွားပြီနော် ဒါဆို နက်ဖြန် TGIF မှာ ဘယ်သူတွေ Vintage မှာ ရှိကြမလဲ ??? Lynn (MyLann) #MyLann #Online_Restaurant_Directory #Online_Food_Guide #Food_Review_in_Yangon #Foodie_Myanmar #Foodie #Vintage_Luxury_Yacht_Hotel #Vintage