မြေနီကုန်းက Wa Tote Kyee Hotpot Buffet 751 views


ဟန်နီ့မွေးနေ့မှာ သူငယ်ချင်းတွေကိုဘာကျွေးရင်ကောင်းမလဲစဉ်းစားနေတုန်းမှာပဲ သူတို့က Wa Tote Kyee မှာစားချင်တယ်ပြောတာနဲ့ လိုက်ကျွေးဖြစ်ခဲ့တယ်လေ။ အဲ့ဆိုင်လေးကတော့အခုတလော မြေနီကုန်းမှာ ရေပန်းစားပြီး လူငယ်တွေအကြိုက်တွေ့နေတဲ့ဆိုင်လေးပါပဲ… ဟန်နီလဲဆိုင်ဖွင့်ခါစက တစ်ခါလာစားပြီးသွားပြီ၊ ခုနောက်တစ်ကြိမ်ပေါ့နော့် :P ဒါနဲ့ Reserve တော့ကြိုလုပ်လိုက်တာပေါ့နော် ဆိုင်ကိုဖုန်းဆက်ပြီးတော့။ သူငယ်ချင်းလေးယောက်ဆိုင်ရောက်တော့ အေးဆေးပဲ၊ လူလဲသိပ်မရှိသေးဘူး။ အဲ့နဲ့ မှာမယ်လဲလုပ်ရော Item Menu အသစ်လေးတွေထပ်တိုးထားတယ်တဲ့…။ ဘာတွေတိုးတာလဲဆိုတော့ ၀က်သားသုံးထပ်သား၊ ၀က်သားပြား၊မှိုဝက်သား၊ ကြက်သားပြား၊ ကြက်အသည်း၊ အဆီဗူး၊ နဲ့ အမဲသားတွေတဲ့… ဟဲဟဲ ကိုယ်တွေတော့အကြိုက်တွေထပ်တိုးထားတာ။ နောက်ပြီး အသီးအရွက်တွေမှာဆိုရင်လဲ ဆလပ်ရွက်၊ ခရမ်းသီး၊ ရုံးပတီသီး နဲ့ အပ်မှိုတွေထပ်တိုးထားတယ်တဲ့…။ ပြီးတော့ ၀က်ခေါင်းသုပ်၊ အာလူးကြော်….. အိုး…. အရင်ကထက်ပိုစုံနေပီလေ…။ ပျော်သွားတာပေါ့…။

အဲ့ဒါတွေအပြင်နောက်တစ်ခုက အသားအရသာကိုလဲ အရင်လိုပုံမှန်အရသာမျိုးမဟုတ်ပဲ အစပ်အရသာနဲ့ ထပ်တိုးပေးထားတာလဲတွေ့ရပါတယ်။ ဟန်နီအရင်တစ်ခေါက်ကလာစားတော့ အရသာကကောင်း ပေမဲ့ ပုံမှန်လေးပေါ့နော်။ အခုကျတော့အစပ်ပါရတယ်ဆိုတော့ ဟန်နီတို့လိုအစပ်ကြိုက်တဲ့သူတွေအတွက် ပိုစားကောင်းစေမဲ့သတင်းကောင်းလေးပေါ့နော်… လာချပေးတာကြည့်လိုက်တော့လဲ အသားတွေကိုသေသေချာချာ Sauce တွေဘာတွေနဲ့ နယ်ထားတဲ့ပုံမျိုး၊ ပြီးတော့ အစပ်ဆိုတဲ့အတွက်လဲ ငရုပ်သီးအစပ်အမှုန့်လေးတွေဖြူးထားတာ…။ အဲ့ဒါတွေကလဲ ဟန်နီတို့နဲနဲစပ်စုကြည့်လိုက်တော့ Customer Feedback အပေါ်လိုက်ပြီး ထပ်တိုးထားတာလို့ပြောပါတယ်။

နောက်တစ်ခုက Sauce ကိုလဲအရသာတွေပြင်ထားပါတယ်တဲ့ရှင်…။ အဲ့ဒါကလဲ Customer တွေအကြံဥာဏ်ပေးသလို မကြိုက်တဲ့ဟာတွေကိုဖြုတ်ပြီး ဒီ့ထက်ကောင်းအောင်ထပ်တိုးထားတယ်လို့လဲ သိရပါတယ်။ ဆိုင်ဖွင့်ကာစက သူတို့အနေနဲ့ အကောင်းဆုံးပြင်ဆင်ထားပေမဲ့ ရလာတဲ့ Feedback ပေါ်မူတည်ပြီးတော့ပဲ အသားတွေစုံအောင်Menu ထပ်တိုးပြီးတော့ အခုလို Sauce အရသာတွေကိုလဲ ပြင်ဆင်ထားတာပါတဲ့။

ဟန်နီတို့အ၀အပြဲ စိတ်ကြိုက်စားပြီးတော့ အချိုပွဲပေါ့နော်… အဲ့မှာ အရင်ကဆို Egg Tart နဲ့ Soft Drink ပဲရသေးတာ။ အခုဆို ရေခဲမုန့်ကိုလဲ ချောကလက်၊ ပိန်းဥ၊ နို့၊ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ပင်မှည့်နဲ့ သရက် ဆိုပြီး စုံနေအောင်ရနေပြီ။ ဘယ်အပြောကောင်းမလဲ မိန်းကလေးတွေချည်းဆိုပေမဲ့ (၇)မျိုးလုံးမှာလိုက်တာပေါ့ ဟီး :P တစ်မျိုးစီစုံအောင်စားရတာ အစထဲကရေခဲမုန့်ကြိုက်တဲ့သူတွေဆိုတော့ ဘယ်အပြောကောင်းမလဲဗျာ ဆွဲတော့တာပေါ့…။ ရေခဲမုန့်ကလဲ ညက်နေတာပဲ သိပ်စားလို့ကောင်းပဲ….။

စားလို့သောက်လို့လဲပြီးရော Bill ရှင်းမယ်ဆိုပြီး တောင်းလိုက်တာပေါ့နော်…။ အဲ့မှာ Bill ရောက်လာတော့ ဟန်နီကြည့်လိုက်တာ အရမ်းကိုအံ့သြပြီး ပျော်သွားတာဗျ… မျက်လုံးတွေဘာတွေပြူးပြီးတော့… ဘာလို့လို့ထင်ကြလဲ? ဒီလိုပါ….. သူက ဒီလကုန်အထိကို (၃)ယောက်စားရင် (၁)ယောက်အလကားစားရတယ်တဲ့။ Wow… ပျော်ပြီပေါ့။ သဘောက (၄)ယောက်စားရင် (၃)ယောက်ဖိုးပဲရှင်းရမှာပါ… ဟဲဟဲ သိပ်ကောင်းတဲ့အစီအစဉ်(ဒီအစီအစဉ်လေးက June လကုန်ထိပဲပေးတာပါ)… နောက်ပြီး ဆိုင်ကအကိုက ဟန်နီ့ကိုမှတ်ပုံတင်လေးတောင်းပါတယ်ရှင့်…။ အဲ့နဲ့ ဟန်နီလဲအစကဘာလုပ်တာလဲပေါ့နော်။ သေချာမေးကြည့်တော့ သူတို့ကို Reserve လုပ်တုန်းက မွေးနေ့ကျွေးချင်လို့ဆိုပြီးလုပ်ထားတာနော်တဲ့၊ ကျွန်တော်တို့ဆီမှာ မွေးနေ့ပွဲအတွက်လာစားကြမှာဆိုရင် မွေးနေ့ရှင်ကို အလကား Free ကျွေးပါတယ်တဲ့။ ဒီအစီအစဉ်လေးက အမြဲတမ်း အချိန်အကန့်အသတ်မရှိ ပေးသွားမှာပါတဲ့…. ကျွန်မ ဟာ ခနဲ ဖြစ်သွားပါတယ်၊ အရမ်းတွေအံ့သြပြီး အသေပျော်သွားတာ။ တော်သေးတာပေါ့ ဟန်နီ ကမှတ်ပုံတင်အိတ်ထဲဆောင်ထားတတ်လို့။ ဟုတ်တော့ဟုတ်ပါတယ် သူတို့အနေနဲ့လဲ မွေးနေ့ရှင်ကို အတည်ပြုဖို့ မှတ်ပုံတင်တော့လိုမှာပေါ့နော့်…။ ဒါလဲမမှားပါဘူး…။ ကိုယ်တွေမွေးနေ့မှာ ထီပေါက်သလိုပဲ ပစ်ပျော်လိုက်တာ… အရမ်း အရမ်းကို ကျေးဇူးတင်သွားပြီ Wa Tote Kyee ရေ……..!

ဘော်ဒါတွေလဲကိုယ့်မွေးနေ့ကျွေးချင်ရင် ၀တုတ်ကြီး ကိုသတိရလိုက်နော်… မွေးနေ့ရှင်ကိုလဲ Free ကျွေးတယ် နောက်ပြီး (၃)ယောက်စားရုံနဲ့ (၁)ယောက်အလကား ဆိုတဲ့အစီအစဉ်လေးလဲရှိ၊ ပြီးတော့ အသားတွေလဲထပ်တိုး၊ အရသာတွေလဲ ပြင်ဆင်ထားတာဆိုတော့… ကဲ ! မြေနီကုန်း Dagon Center I ရှေ့ Ice Berry အပေါ်ထပ်က ၀တုတ်ကြီးကို မမေ့ထားကြနဲ့နော်… Reserve လုပ်ချင်တဲ့သူတွေအတွက် 09 970034018 ပါတဲ့…။

ပုံမှန်လူတစ်ယောက်အဝစားဆို ၁၂၈၀၀ ကျပ်ပါရှင်စားဖော်သောက်ဖက်အမျိုးတွေအတွက် စပ်စုပေးခဲ့တယ်နော့်….

Honey ( MyLann)