ပိတ်ရက်လေးမှာ ထူးရဲ့ချစ်ရတဲ့ မိသားစုနဲ့အတူ 732 views


ပိတ်ရက်လေးမှာ ထူးရဲ့  ချစ်ရတဲ့ မိသားစု အတွက်အချိန်ပေး ဖြစ်ခဲ့ပါတယ်။
မိသားစုဆိုပေမယ့် လူဦးရေအရေအတွက်ကတော့ ထူးပါအပါအဝင်သုံးယောက်တည်းပါ။ဒါပေမယ့်ခက်တာက အစားအစာအကြိုက်မတူကြတာပါပဲ။ မေမေကပီဇာ စားချင်တယ်တဲ့ ဖေဖေကတော့ အီတလီစာတခုခု မစားရတာကြာပြီတဲ့။ ထူးကတော့ snack လိုမျိုးနဲ့  အအေးတခုခုကို ပဲစားချင်နေတာ။ ခုချိန်ကတော့လည်းအစားအသောက်တွေကိုအရှုံးပေးနေရတဲ့ အချိန်လေ။ :) ပေါ့ပေါ့ပါးပါးလေးတွေပဲစားချင်မိနေတာ:)

အဲ့ဒါနဲ့  အစားအသောက်တွေစုံလင်လှတဲ့ ဒဂုံမြို့ နယ်မှာရှိတဲ့  ဗိုလ်ရာညွန့် လမ်းကို ခေါသွားလိုက်တာပေါ့:) ဆိုင်တွေအများကြီးရှိပေမယ့် သုံးယောက်လုံး အတွက် တနေရာတည်း အဆင်ပြေမယ့်ဆိုင်ကို စဉ်းစားရတော့တာပဲ:)
အဲ့မှာပဲမေမေ့အကြိုက် "pizza " ဆိုင်ကြီးစတွေ့ တော့တာပါပဲ..

"Heaven" တဲ့ ဆိုင်နာမည်လေးက :)
အဖေနဲ့ ထူးကတော့ လမ်းမလျှောက်ချင်တော့လို့ သာ မေမေ့နောက်လိုက်သွားတာ အမှန်တော့ pizza စားချင်တာမဟုတ်ဘူး...မထင်မှတ်ပဲဆိုင်ထဲရောက်တော့အရမ်းပျော်သွားတယ်..ဆိုင်ကိုတော့ ထူး အရင်က ကြားဖူးပါတယ်..ဒါပေမယ့်ပီစာ တမျိုးပဲရတယ်ထင်ခဲ့တာလေ:) Menu ကြည့်လိုက်တော့မှ အရမ်းပျော်သွားတယ်:)

‪#‎ဆိုင်အပြင်အဆင်‬
သန့် ရှင်းတယ်၊ ပြီးတော့ အေးအေးဆေးဆေးလေး ဆိုတော့ မိသားစုအတွက်အဆင်ပြေတယ်လေ:)

‪#‎မိသားစုစားဖြစ်ခဲ့တာပြောပြမယ်‬

# မေမေ့အကြိုက် " Mayoo Chicken" Pizza

ထူးတို့ မှာဖြစ်ခဲ့တာကတော့ ၁၀လက်မ Size 8 pieces ပါ တစ်ချပ်ပါ။ တယောက်တည်းအတွက်ဆိုရင်တော့ အရမ်းကိုများပါတယ်။မေမေကတော့ သူတယောက်တည်းကုန်တယ်ဆိုပြီး မှာလိုက်ပါလေရော...ဒါနဲ့  ပီဇာ လည်း ရောက်လာရော အရင်ဆုံးဆွဲဆောင်တာ အနံ့ ပါ ပြီးတော့ သူ့ ရဲ့  စားချင်စရာ အမြင်ပါ။ မကြိုက်ဘူးလို့ ပြောနေတဲ့ ထူး နဲ့ထူးဖေဖေလည်း မနေနိုင်တော့ ပဲ တစ်ယောက်တစိပ် ယူစားလိုက်ပါတော့တယ်။ အရသာကတော့ ပီဇာမကြိုက်တဲ့ထူးကိုတောင်ကြိုက်သွားစေပါတယ်။ မှို၊ပြောင်းဖူး၊ကြက်သားမျှင်လေးတွေနဲ့  Mayonnais၊ cheese စတာတွေပါဝင်ထားတာပါ။ ခရမ်းချဉ်သီး sault ရဲ့  အချဉ်အရသာနဲ့အတူ cheese ရဲ့ ခပ်စိမ့်စိမ့်အရသာလေးကို ခံစားရတာပါ။ ပီဇာအမျိုးပေါင်းများစွာ ရှိလို့  ကြိုက်နှစ်သက်ရာ အရသာ မျိုးစုံကို ရွေးချယ်စားနိုင်ပါတယ်နော်။ ထူးကတော့အဲ့နေကစားဖြစ်ခဲ့တဲ့ ပီဇာ ရဲ့  အရသာ နဲ့  နှစ်သက်မှုကို ဝေမျှပေးတာပါနော်။ အစပ် အချို အစိမ့် အရသာအမျိုးမျိုးရှိပြီး ပီဇာ အရွယ်အစားတွေကလည်း မိမိတို့  နှစ်သက်သလို ဝယ်ယူနိုင်ပါတယ်တဲ့။ မှတ်သားထားလို့  ရအောင် ပြောပြထားမယ်နော်။

၈လက်မ Size ကတော့ ၇၀၀၀ကျပ်ပါ။
၁၀လက်မ Size ကတော့ ၁၂၀၀၀ကျပ်ပါ။
၁၂လက်မ Size ကတော့ ၁၄၀၀၀ကျပ်ပါ။

ထူးတို့ စားဖြစ်ခဲ့တဲ့ပုံပါ size ကတော့ ၈စိပ်ပါ ၁၀လက်မ ၁၂၀၀၀ကျပ်ပါ။ လူသုံးယောက် ကောင်းကောင်းစားလို့ ရပါတယ်

‪#‎ဖေ့ဖေ့အကြိုက်‬ Lasagne Chicken

သူကအီတလီစာတစ်မျိုးပါ။ မြန်မာလူမျိုးအများစုထက် နိုင်ငံခြားသားအများစု ပိုနှစ်သက်ကြတယ်လို့ သိရပါတယ်။ ဖေဖေ့ ကတော့ အရင်တည်းက ကြိုက်နှစ်သက်တဲ့သူမို့  အရသာတွေ့နေပါတယ်။ ထူးလည်း ဟိုစပ်စပ်ဒီစပ်စပ်အကျင့်နဲ့  မြည်းကြည့်တာပေါ့။ ဒါမှခုလိုပြောပြရအောင်လေ:)။ သူကတော့ Lasagne sheets ရယ် chicken ကိုအမျှင်လေးတွေ လုပ်ပြီး cheese နဲ့ ခရမ်းချဉ်သီးအနှစ်ကို ရောချက်ထားပြီး တစ်လွှာစီပြန်ထည့်ပြီး ပြုလုပ်ထားတာပါ။ ပြောင်းဖူး၊မုန်လာဥနီနဲ့  ပဲသီး၊ပန်းဂေါဖီအစိမ်းတို့ပါပါဝင်ပါသေးတယ်။ ထူးအတွက်တော့ အရသာ နည်းနည်း အီသလို ဖြစ်နေပေမယ့် အချိုအစိမ့် နဲ့အသားရဲ့ အရသာကို နှစ်နှစ်သီးသီးကြိုက်သူတွေအတွက် အရမ်းကြိုက်နှစ်သက်ကြမှာပါ။
တစ်ပွဲကိုတော့ ၄၅၀၀ကျပ်ပါ။

# ကိုယ့်အတွက်ကတော့ Mozzarella cheese stick

Heaven ဆိုင်လေးရဲ့  home made ပါတဲ့။တပွဲမှာ ၅ချောင်းပါဝင်ပြီး အရသာကတော့ cheese မို့ အစိမ့်ဘက်သွားပါတယ်။ ကြက်ဥရယ် အကြော်မှုန့် ကို ပြန်ကပ်ပြီးကြော်ထားတာပါ။ ပုံမှန် အနေအထားနဲ့ စားကောင်းတယ်ပြောလို့  ရတဲ့  အစားအစာပါ။ တပွဲကို ၃၅၀၀ကျပ်ပါ။

# အကြိုက်ဆုံး Heaven က
passion sparkling smoothie

ထူးအကြိုက်ဆုံးအအေးလို့ ပြောလို့ ရပါတယ်။ အဲ့လောက်ထိ ထူး ကြိုက်သွားလို့ ပါ အရသာကို။ Peach ရယ် sparkling ရယ် smoothie ရယ် သုံးမျိုး ရောထားပြီး ချဉ်ချို စူးစူးလေး ခံစားရပါတယ်။ အပေါဆုံးက smoothie လေး နဲ့  အောက်ဆုံး မှာတော့ peach ပါ။ အလယ်မှာsparkling ထည့်ထားတာပါ။ Peach နဲ့ မဟုတ်ပဲ Blue နဲ့ လည်း ရပါတယ်။ တခွက်ကို ၂၂၀၀ကျပ်ပါ။
စားဖြစ်ခဲ့တာတွေကတော့ အဲ့ဒါတွေပါနော်။

‪#‎Information‬ အချို့ မျှပေးမယ်

ကိုယ်တိုင်လာရောက်မသုံးဆောင်နိုင်တဲ့  Customer တွေအတွက်ကတော့ Delivery ရှိပါတယ်တဲ့။ အဓိကဝန်ဆောင်မှုပေးတဲ့ နေရာတွေကတော့ Downtown ၆မြို့နယ်ကိုပါတဲ့။ တခြားမြို့ နယ်တွေကိုလည်းဝန်ဆောင်မှုပေးတယ်လို့ သိရပါတယ်။ အသေးစိတ်မေးလို့ ရအောင်လိပ်စာအပြည့်အစုံပြောပြပေးအုံးမယ်နော်။ Delivery charges ကတော့ မှာယူတဲ့ ငွေပမာဏ တစ်သောင်းနှင့်တစ်သောင်းအထက်ဆို ၁၅၀၀ကျပ်ဖြစ်ပြီး ငွေကျပ်နှစ်သောင်းမှနှစ်သောင်းနှင့်အထက်ဆို free delivery ဖြစ်ပါတယ်တဲ့။

‪#‎ဆက်သွယ်ရန်‬ လိပ်စာ
အမှတ် ၃၈/ ၄၀၊ဗိုလ်ရာညွန့် လမ်း၊ ဒဂုံမြို့ နယ်။
၀၉-၈၅၅၁၃၈၃နော်။

Htoo Htoo ( MyLann)