Ya Da Nar - တိုင်းရင်းသားရိုးရာအစားအစာ 899 views


စမ်းချောင်းသူ တစ်ယောက်အနေနဲ့  စမ်းချောင်းမြို့နယ်ထဲက ဆိုင်ကောင်းလေးတစ်ဆိုင်ကို လမ်းညွန်ပေးချင်ပါသေးတယ်။ အဲ့ဆိုင်လေးက တော့ လူသိများပြီးသားဆိုင်လေးပါပဲ Yadanar - ရတနာ ဆိုတဲ့  တိုင်းရင်းသားရိုးရာ အစားအစာတွေအထူးရောင်းချတဲ့ ဆိုင်လေးပါ။ စမ်းချောင်းမြို့ နယ် မင်္ဂလာလမ်းနှင့်ပန်းခြံလမ်းထောင့် လေးကပါ ။ နာမည်တူဆိုင်လေးတွေများတော့ နေရာလေးကိုသေချာမှတ်ထားပါလို့  ။ ဆိုင်ရဲ့  ဆိုင်းဘုတ်လေးက အစိမ်းရောင်လေးနဲ့  အင်္ဂလိပ်စာလုံး "Yadanar" ပါနော် လမ်းဆုံထောင့်လေးမှာဆိုင်းဘုတ်သေးလေးတခု ရှိပါသေးတယ်နော်။ အရသာ ကောင်းလို့  ဆိုင်လေး မမှားစေချင်လို့ ပါ။ပန်းခြံလမ်းဘက်က လာမယ်ဆိုရင်တော့ ပထမဆုံး တွေ့ တွေ့ ချင်းလမ်းဆုံကွေ့ လေးရဲ့  ညာဘက်မှာပါနော်။

ဆိုင်အပြင်အဆင်လေး..
ဆိုင်လေးက နေရာ အကျယ်အဝန်း အကျယ်ကြီးမဟုတ်ပေမယ့် လည်း ချစ်စရာ ကောင်းတယ်။ ဆန်းဆန်းပြားပြားအလှဆင်မှုများကြောင့် တစ် ခုခု ကို ခံစားရမှာပါ။

‪#‎ဆိုင်ရဲ‬့  နာမည် အကြီးဆုံး ရိုးရာ ခေါင်ရေ နဲ့  ဆန်ချိုမွှေး

ခေါင်ရည် ကတော့ ကောင်ညှင်းဆန်ကိုပေါင်းပြီးမှ အချဉ်ဖောက်ပြီး ပြုလုပ်ထားတာပါတဲ့။ ရာသီမရွေး ရနိုင်ပြီး မြူ တစ်အိုးအနေနဲ့ ဆိုရင်တော့ ၁၅၀၀ကျပ်ပါ။ ဒီ ရာသီနဲ့ အကိုက်ပေါ့။ တစ်ခွက်ချင်း ဆိုရင်တော့ ၅၀၀ကျပ်ပါတဲ့။

‪#‎ဆန်ချိုမွှေး‬
ချိုချဉ် အရသာလေး နဲ့  အင်မတန်အရသာရှိရှိသောက်သုံး ခဲ့ပါတယ်။ သံပုရာရေ လေးလိုလို အရသာလေးကို ဆန် စေ့စိမ့်စိမ့်လေးနဲ့ ဆိုတော့ တစ်ခွက်ဘယ်လို ကုန်သွားမှန်းတောင်မသိလိုက်တာပါ။ ကျန်းမာရေးအတွက် ဝမ်းအေး တယ်လို့  ပြောပါတယ်။ တစ်ခွက်ကို ၈၀၀ကျပ်ပါ။

‪#‎ကြက်ခြေထောက်ထောင်း‬
မြေပဲ၊ပင်စိမ်း၊ ဂျူးမြစ် မုန်လာဥနီ တို့ အပြင် အနံ့ အရသာ ပိုမိုပြည့်စုံအောင် ကြက်သွန်ဖြူ ငရုတ်စိမ်းတို့ ကို ထောင်းပြီး ပြုတ်ထားတဲ့ ကြက်ခြေထောက်ကို ထည့် ရောစပ်ထားတာပါ။ အစိမ့်အစပ် အရသာလေးကို ခံစားရစေပါတယ် အရမ်းစားလို့ ကောင်းပါတယ် ။ သူကတော့တစ်ပွဲ ၃၅၀၀ကျပ်ပါ။ လူ ၃ ယောက်လောက် စားလို့  ရပါတယ်။

‪#‎ဆိတ်သားထောင်း‬
ပင်စိမ်း ငရုတ်သီး ကြက်သွန်ဖြူ ကတော့ ဒီအစားအစာရဲ့  ဇာတ်ပို့ တွေပေါ့နော် အဓိက ဇာတ်လိုက်ကတော့ ပြုတ်ပြီးထောင်းထားတဲ့  ဆိတ်သားပါ။ ဘယ်လို ပြင်ဆင်ထားသလဲဆိုတာကို နည်းနည်းစပ်စုကြည့်တော့ ဂျင်းရယ် ဆန်အရက် ရယ်အမွှေးအကြိုင်အချို့ ကို ဆိတ်သားပြုတ်စဉ်ထည့်ပြီး အနည်းငယ်ပြုတ်ပါတယ်တဲ့ပြီးတော့မှဆီလေးထည့်ပြီးအနည်းငယ်ကြော်ပါတယ်တဲ့ ။ အရသာကို စားသုံးသူ စိတ်ကြိုက် အစပ် ကို အလျော့အတင်းလုပ်ပေးပါတယ်တဲ့  ။ ထူးကတော့အစပ်ကို အနေတော် ထည့်ခိုင်းပါတယ်။ သံပုရာသီးလေးတစ်စိတ်လည်းပွဲမှာထည့်ထားပေးတော့ ဒါလေးကို ညစ်လို့ စားရင် ပိုကောင်းတယ်။ တစ်ပွဲ၂၅၀၀ကျပ်ပါ။

‪#‎ဝက်သားချဉ်‬
ပေါင်းထားတဲ့ ဆန်ကောက်ညှင်းနဲ့  ဝက်သားကို ရောပြီး မွမ်းမံထားတဲ့ အစားအစာ ပါ ။ချဉ်ပြုံး ပြုံး အရသာလေးကို ခံစားရပါတယ် ကြက်သွန်ဖြူ အကြော်နဲ့ ဂျူးးမြစ်ကို လည်း ထပ်မံထည့်ပေးထားပါတယ်။ တပွဲ ၂၀၀၀ကျပ်ပါ။

‪#‎နွားနို‬့ ခြောက်ကြော်

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲဒေသ ထွက်ကုန် တခုကို ဆီကြော်လေးရောင်းချပေးနေတာပါ။ နွားနို့ ခြောက် စစ်စစ်ပါ။ စားကြည့်တာနဲ့ သိနိင်ပါတယ်စစ်စစ်ဆိုတာကို။ အစိမ်းခြောက်ထုပ်တွေလည်းအဲ့မှာဝယ်ယူနိုင်ပါတယ်တဲ့
အချိုပွဲ အနေနဲ့  လူကြိုက်များကြပါတယ်တဲ့  ။ တပွဲကို ၃၀၀၀ကျပ်ပါရှင်။

ဆိုင်ရဲ့  ထူးခြားတာကတော့ သဘာဝဟင်းရွက်တွေရဲ့  အဓိက ချိုချဉ်စပ်အရသာယူပြီးအချိုမှုန့်  လုံးဝအသုံးမပြုပဲ ချက်ပြုတ်ပြင်ဆင်ထားတာပါ မရောက်ဘူးသေးတဲ့ MyLann မိတ်ဆွေတွေလည်း စမ်းချောင်းထဲရောက်ခဲ့ရင် တခေါက်လောက်တော့ သွားစားကြည့်ပါလို့  ရောက်ဖူးတဲ့ မိတ်ဆွေတွေကတော့ ထပ်သွားပြီးရင်းသွားကြမယ်ထင်ပါတယ်နော် ။

ဆိုင်လိပ်စာကတော့

ရတနာ ရှမ်းရိုးရာ စားသောက်ဆိုင်
အမှတ်၅၉ မင်္ဂလာလမ်နှင့်ပန်းခြံလမ်းဒေါင့် စမ်းချောင်းမြို့ နယ် မှာပါ ဆက်သွယ်ရန်ဖုန်းနံပါတ်ကတော့ ၀၉ ၇၉၈၄၁၇၄၇ ၊ ၀၉ ၇၉၃၈၁၀၈၇၅ နှင့် ၀၉ ၇၉၃၅၄၈၆၅၅ နော်။ဆိုင်ဖွင့်ချိန်ကတော့ နေ့ လည် ၁၂နာရီကနေ ည၁၀နာရီထိပိတ်ရက်မရှိပါနော်။

Htoo Htoo ( MyLann)