"ရန်ကုန်မြို့ မှ လူကြိုက်အများဆုံး သွားရေစာ မုန့် ဆိုင် (၁၀) ခု" 765 views


#‎The‬ Milk Bar

အဲ့ဆိုင်လေးမှာ နို့နဲ့ပက်သတ်တာအကုန်ရတယ်။ ဖာလူဒါ၊ ဒိုမီနို၊ ဒိန်ချဉ်၊ကူဖီးလ်မလိုင်၊ နို့အေး၊ Milk Shake, IceCream အစုံပဲ… အခြား Snack တွေလဲရတရ်… ကူဖီးလ်မလိုင်လဲကောင်းတရ် ဈေးက (၁၀၀၀)ပဲရှိတယ်။ နောက်ပြီး Milk Shake ဆိုရင်လဲ နို့များများ ပျစ်ပျစ်လေးနဲ့ဖျော်ထားတာ ပျစ်ချိုလေး(၁၅၀၀)ပဲရှိတယ်။နောက် သီးစုံဒိုမီနို အဲ့ဒါကအသီး(၈)မျိုးပါတယ်။ အရမ်းလဲမအီပဲစားလို့ကောင်းတရ် ပြီးတော့သူကနွားနို့စစ်စစ်လေးနဲ့လုပ်ပေးထားတာ လို့သိရတရ် ဈေးကလဲ (၁၃၀၀)ပဲရှိပါတယ်လို့ ။
နေရာက အမှတ်(၆၃)၊ စမ်းချောင်းလမ်း၊ စမ်းချောင်းမှာပါ…အထက(၃)စမ်းချောင်းကျောင်းရှေ့မှာရှိတရ်ရှင့်… ဖုန်း ၀၁ ၅၂၃၃၄၅ ကိုလဲဆက်သွယ်ပီး သိလိုတာတွေမေးလို့ရတယ်နော်။

‪#‎Freakshake‬
သူက Shake ပေါ့နော်… အဲ့မှာ Strawberry, Vanilla, Chocolate, Oreo, Yogurt နဲ့ Original တွေဆိုပီး ရှိတရ်… ယေဘူယျအားဖြင့်တော့အဲ့မှာဆိုရင်… Cookie လေးတွေပါတယ်။ စားလို့အရမ်းကောင်းတရ်… နောက်ပီး ဝေဖာချောင်းလေးတွေလဲထဲ့ပေးထားတရ်…အပေါ်မှာဆိုရင်လဲ Cream တွေကလဲ Smooth ဖြစ်တော့ စားလို့ကောင်းတာပေါ့နော်… အဲ့ထဲမှာမှ ကိုယ်စားတဲ့ Shake ပေါ်မူတည်ပီး Strawberry ဆို Strawberry, Chocolate ဆိုလဲ chocolate အရသာရတာပေါ့နော်
အဲ့ဆိုင်လေးက ကန်တော်ကြီးထဲမှာရှိပါတရ်… 09 976644322 ကိုလဲဆက်သွယ်လို့ရတရ်နော့…

‪#‎Ice‬ Cream Bar ( Junction Mawtin )
ရေခဲမုန့် ကောင်းကောင်း ပေါ့ပေါ့ပါးပါး လေး စားချင်တယ် ဆိုရင် Ice cream bar လေးက အဆင်ပြေပါတယ်။
ကိုယ်အကြိုက်ဆုံးကတော့ ဝေဖာခွက်လေးတွေနဲ့ ရေခဲမုန့် ကို ထည့်စားရတာလေးပါ။ ခေါက်မုန့် အရသာ နဲ့ ဝေဖာခွက်လေး ကိုင်ပြီး ရေခဲမုန့် စားရတာက အရသာတစ်မျိုးပဲ ။ ရေခဲမုန့် ဆိုင်လေးက ထိုင်ခုံတန်းလေးမှာ သူငယ်ချင်းတွေနဲ့ ထိုင်စားပြီး ရှော့ပင်းမော ထဲကို ဟိုငေး ဒီငေး လုပ်ရတာကိုလည်း အရသာ တစ်မျိုးလေးပါ။
ရေခဲမုန့် ကတော့ အရသာအမျိုးမျိုးပေါ့ ။ တစ်ခွက် ၁၅၀၀ကျပ်ကနေ ၂၀၀၀ အထိရှိပါတယ်။ နွေရာသီမှာ အပူရှောင်ဖို့  ရှော့ပင်စင်တာ သွားရင်း ရေခဲမုန့် လေး စားလိုက်ရရင် ကျေနပ်နေရော ။
Ice Cream bar က ရှော့ပင်စင်တာ က Food Court တော်တော်များများမှာ ရှိပေမဲ့ ကိုယ်အကြိုက်ဆုံး ဆိုင်လေးကတော့ Junction Mawtin က ဆိုင်လေးပါ။

‪#‎Scoop‬
JS ရောက်ရင် ဘော်ဒါတွေနဲ့  Scoop ရေခဲမုန့် တစ်ခွက်ကို ဘော်ဒါတွေ သုံးလေးယောက်နဲ့ လုစားဖို့  ဆိုတာ တော်ရုံ စကေးနဲ့ တော့ မရဘူး tongue emoticon ဒါပေမဲ့ ဒီချစ်စရာ ဆိုင်လေးကို ရောက်ရင် ဒီလိုအမြဲလုပ်ဖြစ်တယ်။
ဒီဆိုင်လေးက ဆိုင်သေးသေးလေးပါ Take away ယူသွားပြီး စားရင် အဆင်ပြေတယ်။ ဘော်ဒါတွေနဲ့ ထိုင်စားလည်းအဆင်ပြေပါတယ်။ ရေခဲမုန့် ချစ်သူ တော်တော်များများသိပါတယ်နော်။
နေရာလေးက Junction Square ဒုတိယထပ်မှာပါ။

‪#‎Frolick‬
ချစ်စရာ ကောင်းတဲ့ ရေခဲမုန့် လေးတွေ စားချင်ရင် Flolick လည်း ရှိပါသေးတယ်။ အသီးတွေ ထည့်ပြီး စားလို့ ရတဲ့ ရေခဲမုန့်  ရယ် ကိုယ်ကြိုက်တဲ့ Topping တွေ ထပ်ပေါင်းလို့ ရတာယ်ကြောင့် Frolick ကို ကြိုက်ကြတယ်တဲ့ ။ ဆိုင်ကတော့ Shopping Centre ကြီးတွေဖြစ်တဲ့ JS , Taw Win Center တို့ မှာ ရှိပါတယ်။

‪#‎Yuki‬ Thai
အဲ့မှာက ထိုင်းရေခဲသုပ်လေးမိုက်တရ်.. ဈေးကတန်သလားမပြောနဲ့ တစ်ခွက်မှ (၁၃၀၀)ထဲ အထဲမှာ jelly တုံးလေးတွေပါတရ် ပီးတော့ ထမင်းခြောက်၊ အသီးတုံးလေးတွေလဲပါတရ်… နောက် ရေခဲမုန့်လဲပါတရ်… ရေခဲမုန့်မှာဆိုရင်လဲ Chocolate ဆိုလဲ chocolate chip လေးတွေပါတရ် နောက် အရမ်းကောင်းတဲ့ Kiwi ရေခဲမုန့် ချဉ်ချဉ်လေး… စားလို့အရမ်းကောင်းပဲ…
လိပ်စာက အမှတ် (၈၅၅)၊သံသုမာလမ်း၊ (၁၃)ရပ်ကွက်၊ တောင်ဥက္ကလာ မှာပါ
ဖုန်းလေးလဲယူထားအုံးနော်… 09 799589694 ပါ

‪#‎Snow‬ Factory
ဟဲဟဲ ကြော်ငြာဖို့တောင်လိုမယ်မထင်…. Snow Factory ဆိုလူတိုင်းသိမှာပါ…အဲ့မှာ Snow Flate လေးတွေကောင်းတရ်၊ နောက်ပီး အခြား Juice နဲ့ Coffee တွေလဲကောင်းပါတရ်… အဲ့ Snow Flate လေးက စားရတာအရမ်း Smooth ဖြစ်တရ်… ဖန်တီးထားပုံလေးကလဲအရမ်းမိုက်ပါတရ် စားတဲ့သူကို တကယ်ကိုအကြိုက်တွေ့စေမှာ…တစ်ခွက်က ၃၅၀၀ တဲ့…
နေရာက Pearl Condo မှာပါ….
0930609952 နော်..မှတ်ထားအုံး

‪#‎SP‬ Bakery
Wifi ကောင်းကောင်း သုံးနိုင်ပြီး မုန့် ကောင်းကောင်းစားမယ် ဆိုရင် ဒီဆိုင်လေးက အဆင်ပြေတယ်လေ။ ။မူရင်းဆိုင်က မိုးကုတ်မှာ၊မန်းလေးမှာလည်းဆိုင်ခွဲရှိတယ်။ ဆန်းဆန်းပြားပြား နာနတ်သီးခွံလိုမျိုး သစ်သီးခွံထဲထည့်ထားပေးတဲ့အအေးတွေနှဲ့Snow Ice ဆိုပြီး ရေခဲသုပ်ပုံစံလေးတွေလည်းရတယ်။ မုန့်မျိုးစုံရတဲ့အထဲမှာမှ အရသာဆိမ့်ဆိမ့်လေးနဲ့ဝက်မြေဥကိတ်ကတော့ စမ်းပြီးစားကြည့်သင့်တယ်နော့။

ဆိုင်ရှေ့မှာ ပါကင်လည်းရှိတော့ကားနဲ့လာတဲ့သူတွေအတွက်အဆင်ပြေပါတယ်။

#Ice Manians
အဲ့မှာရတာက Fresh Fry IceCream… ရေခဲမုန့်ကြော်ပေါ့နော်…ဒိန်ချဉ်အရသာကို လတ်လတ်ဆက်ဆက် အသီးတွေနဲ့ပေါင်းထားတော့ ဘယ်လိုပြောရမလဲ စားရတာ Fine တာပေါ့နော်… တစ်ခွက်မှ ၂၅၀၀ ပဲရှိတရ်…အင်းယျားကန်ဘောင်မှာညနေပိုင်းဆိုရင် ကားလေးနဲ့လာလာရောင်းပေးတရ်လို့လဲသိရတရ်ရှင့်…
ဆိုင်နေရာက ပဒုမ္မာလမ်း၊ စမ်းချောင်းမှာပါ (ရွှေမြို့တော် လက်ဖက်ရည်ဆိုင်ရဲ့ ဘေးမှာပါ)
09 420222233, 09 42022255 ကိုဆက်သွယ်လို့ရတရ်နော်…

‪#‎MyApple‬
အဲ့ဆိုင်လေးကပထမဆုံးအနေနဲ့ပြောပြချင်တာက Decoration… မျက်စိရှင်းရှင်းလေးနဲ့ မိုက်တရ်… ဆိုင်ကအေးအေးဆေးဆေးလဲရှိတရ်… စာဖတ်ချင်လဲနားအေးပါးအေးရှိတာပေါ့နော်… အဲ့ဆိုင်မှာ Coffee ကောင်းတရ်… Hot Coffee လဲရတရ် နောက် Ice Coffee လဲရတရ်… ဈေးကလဲ ၁၅၀၀ ကနေ ၂၅၀၀လောက်အတွင်းမှာရှိတရ်… Ice Chocolate အကြောင်းလေးပြောပြမရ်… Chocolate ဖတ်လေးတွေ ပါတရ်…ချိုသလိုခါးသလိုလေး သောက်လို့ကောင်းတရ်… နောက် အဲ့ဆိုင်က ကိတ်မုန်၊ ပေါင်မုန့် Sandwich, Hamburger Roll နဲ့ Pizza တွေလဲရှိတရ်…ဈေးကလဲအရမ်းတန်တရ် စားရတာနဲ့ပေးရတာနဲ့တန်တာပေါ့နော်…
ဆိုင်လိပ်စာက အမှတ် (၃၂၀)၊ ရတနာလမ်း၊ တောင်ဥက္ကလာ။
ဖုန်းက 09 73232180 နော့်…

မျှဝေသူများ - Fred , Honey , Htet Htet ( MyLann )