ကိုရီးယားဆိုင်လေးတစ်ဆိုင်အကြောင်းရေးချင်ပါတယ် #Yoogane ဆိုတဲ့ဆိုင်လေးကိုပါ 785 views


ဒီဆိုင်လေးအကြောင်းပြောမယ်ဆို အရင်ဆုံးလူတွေဝေခွဲမရဖြစ်နေတဲ့ဆိုင်နာမည်လေးနဲ့အရင်စချင်တယ်ဗျ #Yoogane ကိုအချို့ကလည်းခေါ်ကြတယ် #ယူဂိမ်း တဲ့။ အချို့ကလည်း #ယူဂါနယ် တဲ့။ ရောက်တုန်းရောက်ခိုက်နည်းနည်းလေးစပ်စုကြည့်လိုက်တယ်။ အမှန်က #ယူဂါနယ် ပါတဲ့။ #Yoogane က ကိုရီးယားမှာကိုဆိုင်ခွဲတွေမနည်း။ ရန်ကုန်မှာဆိုလည်း ခြောက်ဆိုင်လောက်ရှိတယ်တဲ့။ ကိုယ်ရောက်ခဲ့တာက မြန်မာပလာဇာကဆိုင်ကို။

ဆိုင်ထဲဝင်လိုက်တာနဲ့ ကိုရီးယားသီချင်းလေးတွေကိုကြားလိုက်ရတယ်။ မြူးမြူးလေးတွေရော၊ ဇာတ်ဝင်တေး လေးတွေရော အစရှိသဖြင့်ပေါ့။ ပေါ့ပေါ့ပါးပါးနဲ့အေးအေးဆေးဆေးရှိတဲ့ဆိုင်လေးပါ။ ထိုင်ဖို့နေရာရွေးပြီး အစားစာတွေမှာတယ်။ ကိုယ်မှာတဲ့ထဲမှာ အရင်ဆုံး #ကြက်သားပုံဒူ အဲ့ဒါလေး။ အဲ့ဒီဟင်းပွဲကို သူတို့ကိုယ်တိုင် ကိုယ့်ရှေ့မှာပဲချက်ပေးတယ်။ ဒီဟင်းလေးရဲ့ပုံစံကကြက်သားနဲ့တော့ပူကီ၊ အာလူး၊ မုန်လာဥတွေကိုအရင်ဆုံး ဆော့စ်နဲ့ချက်လိုက်တယ်။ သူတို့ Kitchen ထဲမှာမချက်ပဲ ကိုယ့်ရှေ့မှာချက်ပြတဲ့အတွက် ကိုယ်တွေကိုယ်တိုင် လည်း ဖီလ်းလေးတစ်မျိုးဖြစ်သွားတယ်၊ ပြီးတော့ဒီလိုမျိုးချက်ပေးခြင်းအားဖြင့်လည်းဒီဟင်းပွဲဘယ်လိုအရသာ မျိုးထွက်လာမလည်းဆိုတာလည်း ပိုစိတ်ဝင်စားဖို့ကောင်းသွားတယ်။ ကဲ ချက်ပြီးသွားပြီဆို အဲ့ဒီချက်ပြီးတဲ့အိုးလေးဘေးမှာပဲအကန့်လေးပါတယ်။ အဲ့ဒီအကန့်လေးထဲကို ချိစ့်လေးတွေလောင်းချလိုက်ပြီး အပူပေးတယ်။ ကိုယ်တွေတော့စိတ်ဝင်တစားနဲ့ ဆက်လက်ကြည့်ရှုပဲပေါ့။ နောက် မေးကြည့်တော့ ဟင်းပွဲကို ချိစ့်နဲ့တို့စားရတာတဲ့။ သူ့အရသာကဟင်းချက်ထားတာအစပ်ဆိုပေမယ့် ချိစ့်နဲ့တို့စားမယ်ဆိုရင်တော့ သိပ်လည်း မစပ်။ ချိစ့်ပါတဲ့အတွက်တော့ဆိမ့်တိမ့်တိမ့်လေး။ သူကတစ်ပွဲကို(၂၆၀၀၀)ကျပ်။ သူကနှစ်ယောက်စာလို့တော့ ပြောထားတယ်။ ဒါပေမယ့်တကယ်စားမယ်ဆိုသုံး၊လေးယောက်လောက်စားလို့ရတယ်။ ပြီးတော့အဲ့ဒါအပြင် Slide Dish အနေနဲ့ခေါက်ဆွဲထပ်ထည့်ပြီးစားရင်လည်း လူများများနဲ့ပိုစားရတာပေါ့။

နောက်တစ်မျိုး #ချိစ့်ထမင်းကြော် သူကကျတော့ ယူဂါနယ်ထမင်းကြော်ကိုမှ ချိစ့်နဲ့ကြော်ထားတာပြောတယ်။ ထမင်းကြော်ကအစပ်လေးဆိုပေမယ့်ချိစ့်ပါတဲ့အတွက် အဲ့ဒီအစပ်ကိုထိန်းသွားတယ်။ အဲ့တော့သိပ်မစပ်ဖူး။ နောက် ချိစ့်ရဲ့အနံ့လေးကလည်းမွှေးနေတယ်။ ထမင်းကြော်ကလည်း ကြက်သားနဲ့ Seafood ဆိုပြီးနှစ်မျိုးရတယ်။ အဲ့ဒါကတစ်ပွဲကို(၈၉၀၀)ကျပ်။ ဒါကချိစ့်ပါလို့။ ချိစ့်မပါရင်ပုံမှန်ဆို (၅၉၀၀)တဲ့။

နောက်က #Spicyချိစ့်တော့ပူကီ ဒီမှာဆိုရင် ငါးအသားပြား၊ ဂေါ်ဖီ၊ ကြက်ဥ၊ တော့ပူကီတွေပါတယ်။ အဲ့ဒါတွေကိုမှဆော့စ်နဲ့ချက်ပြီး အပေါ်ကနေချိစ့်လောင်းလိုက်တာ။ အရသာကတော့အဆိမ့်ပဲ။ သူကတစ်ပွဲကို (၈၀၀၀)။ အခြားအနေနဲ့ နန်းတွင်းတော့ပူကီနဲ့ တော့ပူကီအစပ် ဆိုပြီးတော့လည်းရတယ်။ ချိစ့်မပါရင်တော့ (၅၀၀၀)ကျပ်ပါတဲ့။

နောက်ဆုံး #Seafood_Pancake သူ့မှာ ကြက်သွန်မြိတ်၊ Seafood အတုံးတုံးလေးတွေပါတယ်၊ ပြီးတော့ ကြက်ဥပါပုံရတယ်။ အဲ့ဒါတွေအကုန်ကိုကင်ပြီးတော့ ငရုတ်သီးဖြူးလိုက်တယ်။ ပန်ကိတ်အသားကခပ်ဆတ် ဆတ်လေးနဲ့ ကိုရီးယားငံပြာရည်လေးနဲ့ဆို စားရတာတော့အရသာတစ်မျိုးလေးထွက်သွားပြန်တယ်။ သူကကျ တစ်ပွဲ (၈၀၀၀)တဲ့။

အအေးအနေနဲ့ဆို Smoothie ရတယ်။ ပြီးတော့ Smoothie ကိုမှ Yogurt နဲ့ရတယ်။ Ice Tea တွေ၊ Soda တွေလည်းရတယ်။ ကိုယ်တွေသောက်ခဲ့တာက Strawberry Smothie နဲ့ Kiwi Smoothie. အအီစာတွေစားထားတာဆိုတော့ ချိုချိုချဉ်ချဉ်လေးနဲ့ပိတ်လိုက်တဲ့သဘောပေါ့ တစ်ခွက်ကို (၂၂၀၀)ကျပ်။

အော် နောက်တစ်ခုက ဒီဆိုင်မှာ ဆိုဂျူး ရတယ်ဆိုလို့ နည်းနည်းလေးတော့စမ်းကြည့်ခဲ့သေးတယ်။ သူက ဆိုဂျူး ကိုမှ Flavour နဲ့။ Peach , Citrim နဲ့ Blueberry ဆိုပြီးရှိတယ်။ Peach ကတော့ အနံ့ကမွှေးမွှေးလေးနဲ့ အရမ်းမပြင်းဘူး။ မိန်းခလေးတွေကြိုက်ကြမယ့်အရသာမျိုးလေး။ အဲ့ဒါကတစ်လုံးကို (၆၀၀၀)တဲ့

ဒီဆိုင်ကဟင်းပွဲတွေက ဈေးနှုန်း (၃၀၀၀)ကနေ (၃၂၀၀၀)အတွင်းရှိတယ်။ ဟင်းပွဲတစ်ပွဲကိုတော့နှစ်ယောက် လောက်စားလို့ရတယ်။ ပေါင်းစားမယ်ဘာညာဆို ဟင်းပွဲအမယ်များများနဲ့ကောင်းကောင်းစားလို့ရတယ်။ Set Menu တွေလည်းရှိသလို ဈေးကလည်း (၃၅၀၀)ကနေ (၅၀၀၀)အတွင်းရှိတယ်။

အခြားဟင်းပွဲအနေနဲ့ဆို ဒီဆိုင်မှာ ခေါက်ဆွဲအေး၊ တော့ပူကီ၊ ထမင်းသုပ်၊ ရေညှိလိပ်နဲ့ ရေဘဝဲကြက်သားဂါးလ်ဘိ တွေလည်းကောင်းတယ်တဲ့။ ဆိုင်ကမနက်(၉)နာရီကနေ ည(၉)နာရီအထိဖွင့်တယ်။ မြန်မာပလာဇာ၊ တတိယထပ်မှာရှိတယ်။ Reserve လည်းလုပ်လို့ရတယ်။ ဖုန်းကတော့ 09-421176800, 09-257761515-6 တွေပါ။

ဒီတစ်ခေါက်တော့ ကိုရီးယားချစ်သူပျိုမေမမ တွေအတွက်ပေါ့နော် ဒီဆိုင်လေးကိုညွှန်းခဲ့ပါတယ် အိုပါး​တေကိုလိုက်​​ကျွေးခိုင်း​တော့​နော်