လှည်းတန်းမှာ ထိုင်းစာစားချင်သူတွေအတွက် ‘Yum Thai’ Thai Food 3277 views


လှည်းတန်းစင်တာမှာအသစ်ဖွင့်ထားတဲ့ ရုပ်ရှင်ရုံမှာ သူငယ်ချင်းတွေနဲ့ Movie Date လုပ်ကြမယ်ဆိုပြီး သွားခဲ့တာပဲ။ လက်မှတ်မရလို့ အစားဘက်လိုင်းပြောင်းသွားတာတော့ ကိုယ်လဲမတတ်နိုင်ဘူး :P ရုပ်ရှင်ရုံ ဒီဘက်အထွက်မှာလည်း စားသောက်ဆိုင်လေးတွေတွေ့တော့ အဲ့ဒီမှာပဲ ဒိတ်လိုက်ကြတယ်ပေါ့။ ဆိုင်တွေ လိုက်ရှိုးရင်းနဲ့ ကိုယ်ကချဉ်ငံစပ်ကြိုက်တဲ့သူဆိုတော့ Yum Thai ဆိုတဲ့ ထိုင်းဆိုင်လေးကိုအတွေ့ အဲ့ဒါကိုပဲ ဝင်ခဲ့တယ်ပေါ့။

 

ဒီဆိုင်လေးက ပုံစံလေးကတော့ရှင်းရှင်းလေးပါပဲ။ များသောအားဖြင့် လူငယ်တွေလာထိုင်တယ်။ ဆိုင်ကလဲ အကျယ်ကြီးမဟုတ်ပါဘူး။ ဒါမဲ့သူငယ်ချင်းတွေ အုပ်စုလိုက် ဒိတ်လို့ကောင်းတဲ့နေရာလေးပါ။ ကိုယ်တွေဝိုင်းအပြင် အခြားပြောကြဆိုကြရင်း စားကြသောက်ကြနဲ့ ထိုင်နေကြတဲ့အုပ်စုလိုက်ဝိုင်းတွေလည်း တွေ့သလို၊ တစ်ယောက်ထဲထိုင်ဆွဲနေကြတဲ့ သူတွေလည်း တွေ့ခဲ့ပါတယ်။ မီနူးကြည့်တော့လည်း အစားအစာတွေကရတာတော့ တော်တော်စုံသား။ သူ့ဟာလေးနဲ့သူ အထောင်းဆိုအထောင်း၊ အကြာ်ဆိုအကြော်၊ အသုပ်ဆိုအသုပ် ခွဲပြီးပြထားတယ်။ တစ်ယောက်စာစားမယ်ဆိုရင်လည်း One Potion မီနူးတွေ တွေ့ခဲ့တယ်။ တစ်ပွဲ (၂၈၀၀)၊ (၃၅၀၀)ပဲ။ အခြားဟင်းပွဲတွေကဈေးနှုန်း  (၁၅၀၀)ကနေ (၈၀၀၀)အထိရှိတယ်။ အဲ့ထပ်များတာက လူများများစားလို့ရတဲ့ ဟင်းပွဲအကြီးတွေဆိုရင်တော့ (၁၂၈၀၀)ဘာညာ အဲ့လောက်ထိရှိတယ်။ အချို့ဟင်းပွဲတွေက  စုစပ်ပြီး မှာလိုက်ပြီးတော့ အားလုံးဝိုင်းစား။ ပိုက်ဆံရှင်းရင် Share ပြီးရှင်းပေါ့။ အဲ့လိုဆိုရင် သိပ်မကျပါဘူး။ အက်မင်တို့လည်း ဒီလိုပဲစားခဲ့တာ။

ဘာတွေစားခဲ့လဲဆိုရင်….

 

ထိုင်းစာစားမယ်ဆို အထောင်းတစ်ခုခုတော့ စားလိုက်ရမှ။ အခုလဲ ဘာတဲ့ ပြောင်းဖူးထောင်း။ ပြောင်းဖူး ချိုချိုလေးကိုမှ ချဉ်စပ်ပုံစံလေးထောင်းထားတာ။ အရသာကတော့ အားလုံးပေါင်းလိုက်တော့ ချိုချဉ်စပ်လေးပေါ့။ သူကတစ်ပွဲကို (၂၅၀၀)ကျပ်။ နောက် ဂဏန်းပျော့Curry - သူကတော့ ဂဏန်းပျော့ကိုမှ အရသာတွေနယ်ဖက်၊ ပြီး ကြွပ်ကြွပ်လေးဖြစ်အောင်ချက်ထားတာ။ သူ့ရဲ့အနှစ်ဆိမ့်ဆိမ့်လေးကိုမှ အပေါ်ကလောင်းထားသေးတော့ ဂဏန်းရဲ့အချိုလေးနဲ့ပေါင်းသွားပြီးတော့ အရသာကမိုက်တယ်။ ဈေးနှုန်းကတော့ (၅၅၀၀)တဲ့။

 

ငါးပိထမင်းကြော် - သူကတော့ One Potion လေးပါ။ အက်မင်ကထမင်းကြော်ကြိုက်တယ်။ ထမင်းကြော်ကို ပုံမှန်အတိုင်းကြော်တာထပ် ပုံစံမျိုးစုံနဲ့ ကြော်ထားတဲ့ မလေးရှားတို့၊ ပရှူးတို့။ အခုက ငါးပိထမင်းကြော်။ ငါးပိအနံ့ကခပ်သင်းသင်းရနေပေမယ့် အရသာကတော့ အဲ့ဒီလောက်မပြင်းဘူး။ ပေါ့ပေါ့ပါးပါးလေးပဲသွားတယ်။ ပူပူနွေးနွေးလေးဆိုတော့ လည်းပိုစားကောင်းသွားတယ်။ ထမင်းကြော်ဘေးပတ်ပတ်လည်မှာ ကြက်သွန်၊ ဂေါ်ဖီ၊ သခွားသီး၊ ငရုတ်သီး အဲ့ဒါတွေထည့်ပေးထားတယ်။ အဲ့ဒါတွေနဲ့ ထမင်းကြော်နဲ့ အားလုံးနယ်ဖတ်စားလိုက်ရင်ပို ကောင်းတယ်။ အဲ့ထဲမှာ သရက်သီးချဉ်ချဉ်လေးတွေလည်းပါတော့ အရသာကပိုစုံသွားတယ်။ သူကတစ်ပွဲကို (၃၈၀၀)။

 

Kong Tard - ပုစွန်၊ ကင်းမွန်၊ နဲ့ ပြောင်းဖူးတွေပါတယ်။ ဆောစ့်ကချဉ်စပ်လေးဆိုပေမယ့် အရသာထဲမှာ အချိုလေးလည်းပါတယ်။ အနံ့လေးလည်းမွှေးမွှေးလေး။ ဒါကို သုံး၊ လေးယောက်လောက် စားလို့ရတယ်။ အဲ့ဒါတွေတော့ လက်အိတ်လေး နဲ့ဆွဲရင် ပိုအဆင်ပြေမယ်။ ဆော့စ်ကအရမ်းခြောက်ကပ်ကပ်ကြီး မဟုတ်တော့ အဲ့ဒီဆော့စ်အနှစ်တွေနဲ့ ပြန်တို့စား။ အခြားသူတို့ပေးထားတဲ့ဆော့စ် ချဉ်စပ်လေးနဲ့ တွဲစားလည်း မိုက်ပါတယ်။

 

အခြား Fresh Juice တွေရှိတယ်။ Dessert ကတော့ကိုယ်တွေစားခဲ့တဲ့  ကန်စွန်းဥအုန်းနို့၊ ငချိတ်အုန်းနို့။ အဲ့ဒါတွေရှိတယ်။ တစ်ပွဲကို (၁၅၀၀)ပဲ။ အချိုကြိုက်တဲ့သူတွေဆိုရင်တော့ ဒါလေးတွေစားကြည့်ပါလို့စ်။ အချိုသိပ်မကြိုက်တတ်ရင်တော့ နည်းနည်းအီမယ်ထင်တယ်။

 

ထိုင်းစာကြိုက်တတ်တဲ့သူတွေအတွက်ရော၊ လှည်းတန်းရောက်ရင်ဘာစားရမလဲမေးတဲ့သူတွေအတွက်ပါ အားလုံးကို ဒီ Yum Thai ဆိုတဲ့ဆိုင်လေးအကြောင်းပြောပြပေးခဲ့ပြီနော်။

လှည်းတန်းစင်တာ၊ ဒုတိယထပ်မှာရှိပါတယ်။ အရင်က Food City လာတဲ့အတိုင်းလာပြီးရင် ဘယ်ဘက်ကိုချိုးလိုက်ရင်တွေ့မှာပါ။ Service လည်းမဆိုးဘူး။ ဒီဆိုင်ရဲ့ဖုန်းနံပါတ်က 09-964666181 ပါ။

Honey (MyLann)
#MyLann #Online_Restaurant_Directory #Online_Food_Guide #Food_Review_in_Yangon #Foodie_Myanmar #Restaurant_in_Yangon

#YumThai #Thai_Food #Thai_Restaurant

#Honey_Foodie