Okkar Min Naing


MyLann
Level -
Review Count - 28
Point - 1570
Joined MyLann at - 09-Dec-2014

Okkar Min Naing's Activities

MyLann
Okkar Min Naing reviewed Zayyar Thu Kha 3 years ago
  • for Food
  • |
  • for Decoration
  • |
  • for Service

ဆိုင်အပြင်အဆင်လေးကသိပ်မထူးဆန်းပေမဲ့။ ချက်ဟင်းတွေကြိုက်တဲ့ ကျွန်တော့အတွက် တော်တော်လေး အဆင်ပြေတယ်ဗျ။ စားခဲ့တာတွေထဲက ဆိတ်သားချက်ဟင်းနဲ့ မနုတ်သဏီ အရသာက တော်တော်လိုက်တယ်။ ကြက်ကြော်လဲ တော်တော်ကောင်းတယ်ဗျ။ စောင့်ဖို့လဲမလို ကိုယ်အော်တာမှာပြီးတာနဲ့ ချက်ချင်းရောက်လာရော.. စောင့်ရတာ သိပ်စိတ်မရှည်တတ်တဲ့ ကျွန်တော့အဖို့ တော်တော်အဆင်ပြေတဲ့ဆိုင်လေးပါပဲ။

MyLann
Okkar Min Naing reviewed Mandalay (Mingalar Taung Nyunt) 3 years ago
  • for Food
  • |
  • for Decoration
  • |
  • for Service

သန့်ရှင်းမှူနဲ့ အရသာကတော့ ဒီဆိုင်ရဲ့အားသာချက်လို့ထင်တယ်။ အမဲလျှာသုပ်နဲ့ စွပ်ကတော်တော်လေးကောင်းတယ်ဗျ။ နောက်တစ်ခုက ဂဏာန်းချိုချဉ်ကိုလဲ အရမ်းကြိုက်တယ်။ တစ်ခါတစ်လေ အရမ်းစောင့်ရတာကလွဲရင် အဆင်ပြေပါတယ်။

MyLann
Okkar Min Naing reviewed Pan Swel Taw (Ocean North Point Branch) 3 years ago
  • for Food
  • |
  • for Decoration
  • |
  • for Service

ဆိုင်အပြင်ဆင်နဲ့ သန့်ရှင်းသပ်ရပ်မှူက ကောင်းပါတယ်။ ဒီဆိုင်က Sea Food Fried Rice လေးကိုတော်တော်ကြိုက်တယ်။ အအီပြေ Orange Juice လေးလဲကောင်းပါတယ်။ မှတ်မှတ်ရရ ဒီဆိုင်မှာ ဖန်ခွက်ကျခွဲခဲ့ဖူးတယ်။ သို့ပေမဲ့ ဆိုင်က ၀န်ထမ်းတွေက ပျာပျာသလဲလဲ ကို ဂရုစိုက်ပါတယ်။ ဒါ့ကြောင့် ဒီဆိုင်လေးရဲ့ အစားသောက်တွေထက် ၀န်ဆောင်မှူလေးကို ပိုသဘောကြပါတယ်။ ဒီထက် အောင်မြင်ပါစေလို့။

MyLann
Okkar Min Naing reviewed Mya Sabei (Mingalar Taung Nyunt Branch) 3 years ago
  • for Food
  • |
  • for Decoration
  • |
  • for Service

ဒီဆိုင်က ကိုယ်နေတဲ့ နေရာလေးနဲ့လဲနီး အေးအေးဆေးဆေးလဲ ဖြစ်တော့ မကြာခနဆိုသလို ရောက်ဖြစ်ပါတယ်။ မှတ်မှတ်ရရ ဒီဆိုင်မှာ အမြဲ စားဖြစ်တာကတော့ Fried Finger Fish နဲ့ တုံယန်းစွပ်ပါပဲ။ အစားအသောက်တွေက အရမ်းကောင်းတယ်လို့ မဆိုနိုင်ပေမဲ့ စားလို့အဆင်ပြေပါတယ်။ တစ်ခါ မီးပျက်တာနဲ့ကြုံတော့ အစားသောက်ကပူ ရာသီဥတုကပူဆိုတော့ နဲနဲအခက်တွေ့တယ်ဗျ။ အဲဒါလေးတော့ ဂရုစိုက်စေလိုပါတယ်။

MyLann
Okkar Min Naing reviewed Lotteria (Pearl Condo) 3 years ago
  • for Food
  • |
  • for Decoration
  • |
  • for Service

Lotteria လို့ပြောတာနဲ့ အားလုံးက ကြက်ကြော်ကို တန်းပြီး မျက်စိထဲမြင်မိမယ်ထင်တယ်။ ဒီဆိုင်မှာ ကြက်သားကြော်နဲ့ ဟင်းရွက်အသုပ်လေးကို တော်တော်ကြိုက်တယ်။ ခနခနတိုင်းလဲ သွားဖြစ်တဲ့ ဆိုင်လေးပေါ့။ ဆိုင်အပြင်ဆင်လေးကို ဒီထက်နဲနဲလောက်ပြင်ဆင်စေချင်တယ်။