Mars
Mars's Activities


- for Food |
- for Decoration |
- for Service
ဆိုင်ကတော့ နိုင်ငံတကာမှာပါ ဆိုင်ခွဲတွေရှိတဲ့ဆိုင်ပီပီ ၀န်ဆောင်မှုအပိုင်း ကောင်းလွန်းပါတယ်။ ရေထွက်ပစ္စည်းဟင်းလျာတွေက သိပ်လတ်ဆတ်ပါတယ်။ ဈေးနှုန်းကတော့ အနည်းငယ်များတယ်ဆိုနိုင်တဲ့ အနေအထားပါ။ ပျူငှာဖော်ရွေတဲ့ ၀န်ထမ်းကောင်းများရှိခြင်းကတော့ ဒီဆိုင်ရဲ့ ပြယုဂ်ပါပဲ။ တစ်ခုရှိတာက အနောက်တိုင်းအစားအစာတွေကို ခံတွင်းမတွေ့သူများအဖို့တော့ ဒီဆိုင်ဟာ စားကောင်းတဲ့အထဲ ပါမှာမဟုတ်ပါဘူး။

- for Food |
- for Decoration |
- for Service
ပထမဆုံး အပြစ်ပြောရရင်တော့ ဆိုင်ရဲ့ ၀န်ဆောင်မှုပါ။ စောစောသွားတဲ့အခါမှာ စားပွဲထိုးတိုင်းဟာ ထုံပေပေနဲ့။ ဆိုင်ရဲ့အပြင်အဆင်လေးကတော့ အနောက်တိုင်းနဲ့ အရှေ့တိုင်း ရောစပ်ပြင်ဆင်ထားတာလေးက သဘောကျစရာပါ။ အစားအသောက်ပိုင်းကတော့ ဆိုင်ရဲ့ ကျော်ဇောမှုပါပဲ။ ပူပူနွေးနွေးကြက်ကြော်ကတော့ လူကြိုက်များပါတယ်။ ပီဇာဆိုင်မဟုတ်လို့ ပီဇာကတော့ မစွံပါဘူး။ အဖျော်ယမကာပိုင်းကို ဒီထက်တိုးချဲ့မယ်ဆို ပိုကောင်းလာမယ့်ဆိုင်ပါ။

- for Food |
- for Decoration |
- for Service
သိက္ခာရှိ နာမည်ရ ဆိုင်တစ်ဆိုင်ပါ။ ပင်လယ်စာ လတ်လတ်ဆတ်ဆတ်ဆိုတာကို တကယ် အပြည့်အ၀ပေးနိုင်တဲ့ ဆိုင်ပါ။ မြန်မာ့ရိုးရာ ရခိုင်မုန့်တီကိုလည်း အကောင်းဆုံး လုပ်နိုင်တဲ့အတွက် လက်မထောင်ပါတယ်။ တစ်ခုရှိတာက ဟင်းပွဲတိုင်း သိပ်နည်းလွန်းခြင်းပါ။ မစားခင်မှာတင် ကုန်သွားသလား ထင်ရပါတယ်။ ဈေးနှုန်းအနေအထားကတော့ များတယ်မဆိုသာ နည်းတယ်မဟုတ် အနေအထားပါ။

- for Food |
- for Decoration |
- for Service
လူရှင်းတာ ဆိုင်ရဲ့ကောင်းတဲ့အချက်ပါ။ ကော်ဖီဆိုင်စစ်စစ်နီးပါးမို့လို့ နေ့လယ်စာအတွက် မသင့်တော်ပါဘူး။ ကော်ဖီတွေကတော့ အရသာ ထူးခြားပါတယ်။ တခြား Soft drink တွေကတော့ သာမန်ပါပဲ။ ကိတ်တွေက BL ရဲ့ ထုတ်ကုန်မဟုတ်ဘူး ထင်ပါတယ်။ ပါစတာကတော့ ကောင်းမွန်ပါတယ်။ ဒါပေမယ့် စံညွှန်းအတိုင်း မလုပ်ဆောင်တာ (ဥပမာ Arrabiatta မှာတဲ့အခါဆို Spaghetti ခေါက်ဆွဲနဲ့ လာချပေးတာမျိုး ) ကတော့ ပါစတာသရဲ ကျွန်တော့်အဖို့ စိတ်ပျက်စရာပါပဲ။ ဒါပေမယ့် တည်ငြိမ်အေးဆေးတဲ့ atmosphere လေးရှိတဲ့ဆိုင်မို့လို့ဆိုင်ကောင်းတစ်ဆိုင်ဖြစ်ကြောင်း ထောက်ခံပါတယ်။

- for Food |
- for Decoration |
- for Service
ဒီဆိုင်မှာ ကော်ရည်ခေါက်ဆွဲကတော့ ထိပ်တန်းပါပဲ။ ကော်ပြန့်စိမ်းနဲ့ ကောက်ညှင်းထုပ်တို့ကတော့ တော်တော်လေး စားမကောင်းပါဘူး။ ရွေးချယ်စရာအနေနဲ့ကတော့ နေ့လယ်စာအတွက်မသင့်လျော်ဘဲ မနက်စာနဲ့ အဆာပြေအတွက်ပဲ ကောင်းမှာပါ။ ဒီဆိုင်ရဲ့နာမည်ကြီး မက္ကဆီကန်ကြက်ကြော်ကို မူလအရသာမပျက် ထိန်းထားနိုင်ခြင်းကိုတော့ လက်မထောင်ပါတယ်။ လက်ဖက်ရည်ရဲ့အရသာကလည်း ကောင်းမွန်တာကြောင့် လက်ဖက်ရည်ချိန်အတွက် သင့်လျော်ပါတယ်။
Advertisements
Top Food Reviewers in Yangon
Pop Corn tznaing Okkar Min Naing myat t Hnin Nge mmfoodie gineal karacy Chue Thet K Zun