Pop Corn


MyLann
Level -
Review Count - 65
Point - 4750
Joined MyLann at - 07-Dec-2014

Pop Corn's Activities

MyLann
Pop Corn reviewed APK (Kitchen Thai Food) 2 years ago
  • for Food
  • |
  • for Decoration
  • |
  • for Service

APK ဆိုင်လေးဟာ ရန်ကုန်မြို့လယ်ခေါင်ရဲ့ ဆိုင်ခန်းမကျဉ်းမကျယ်လေးကို သေသေသပ်သပ် နေရာချ ပြင်ဆင်ထားတဲ့ ထိုင်းအစားအစာဆိုင်လေးပါ.. အစားအစာ ၃မျိုးမှာစားခဲ့ပါတယ်.. (၃)မျိုးလုံးအဆင်ပြေပါတယ်.. ကတွင်းတွေ့ပါတယ်.. မစားဖြစ်တဲ့အသီးအနှံကိုတောင် အကြိုက်တွေ့အောင် ချက်ပြုတ်နိုင်ပါတယ်.. အရသာ ထူးကဲတယ်.. ထိမိတယ်.. ဈေးနှုန်းသင့်တော်တယ်.. သွားရလာရ လွယ်ကူတဲ့နေရာမှာရှိတဲ့အတွက်လည်း အဆင်ပြေပါတယ်.. သန့်ရှင်းသပ်ရပ်တဲ့အတွက်လည်း စိတ်ကိုချမ်းသာစေပါတယ်.. ပြီးနောက် ပေါ့ပေါ့ပါးပါးနဲ့ သက်သောင့်သက်သာဖြစ်တဲ့ဆိုင်တစ်ဆိုင်လို့လည်း ပြောချင်ပါတယ်.. ထပ်ပြီးတော့ သွားချင်စရာဆိုင်တစ်ဆိုင် ထပ်တိုးလာတယ်ဆိုရင်လည်း မမှားပါဘူးရှင်.. :)

MyLann
Pop Corn reviewed Koe Kant(Khute Fu Hot Pot) 2 years ago
  • for Food
  • |
  • for Decoration
  • |
  • for Service

အစားအသောက်ကောင်းကောင်းနဲ့ အေးအေးချမ်းချမ်းရှိတဲ့ ရိုးရာစားသောက်ဆိုင်ကိုရှာနေတယ်ဆိုရင်တော့ ခုပ်ဖူက အဆင်ပြေပါလိမ့်မယ်.. တစ်ယောက်တည်း သွားစားမယ့်သူအတွက်ရော၊ မိသားစုလိုက်သွားစားမယ်ဆိုရင်ရော (၂)မျိုးလုံးအတွက် အိုကေပါတယ်.. အစားအသောက်ကောင်းတယ်.. ရိုးရာအစားအစာစစ်တယ်.. နေရာကျယ်ဝန်းတယ်.. ကားပါကင်အတွက်လည်း စိတ်မပူရဘူး.. အပြင်အဆင်ကအစ သဘာဝနဲ့ လိုက်လျောညီထွေရှိတယ်.. ဈေးနှုန်းလည်းသင့်တော်တယ်.. ဝန်ထမ်းတွေလည်း ဖော်ရွေတယ်.. ပြီးတော့ ရွေးချယ်စရာလည်း တော်တော်များတယ်.. ဟော့ပေါ့ကို Set Meal အနေနဲ့ ပြင်ဆင်ထားတာတွေ့ရပါတယ်.. ဈေးနှုန်းအစားစားရှိပါတယ်.. ဒီတစ်ခါတော့ ဟော့ပေါ့မစားဖြစ်ခဲ့သေးပါဘူး.. မြီးရှည်ပဲ စားခဲ့ရတယ်.. အရသာကောင်းတယ်.. ဂေါ်ဖီချဉ်လိုမျိုး တွဲဖက်စားရတဲ့ဟာလေးတွေလည်း တော်တော်အဆင်ပြေတယ်.. ရောက်ဖြစ်ခဲ့ရင်တော့ “ဆန်ချိုဖျော်ရေ”လည်း သောက်ခဲ့ကြပါလို့ မှာလိုက်ပါရစေနော်.. :)

MyLann
Pop Corn reviewed Thai 47 2 years ago
  • for Food
  • |
  • for Decoration
  • |
  • for Service

Thai 47 - အရင်တုန်းက Chewy Junior 47th Branch ဆိုင်လေးဖွင့်ခဲ့တဲ့နေရာပါ.. အဲ့ဒိတုန်းတည်းက အားပေးခဲ့ရတဲ့ဆိုင်တစ်ဆိုင်ဆိုပါတော့.. C.J ရဲ့ ကိုရီးယားအစားအစာတွေကို ခုထိတောင် လွမ်းမိပါသေးတယ်.. အခု Thai 47 ဆိုင်လေးမှာတော့ ဟင်းအမယ်ပိုစုံသွားပါပြီ.. ယိုးဒယားအစားအစာသီးသန့်ရောင်းတဲ့ဆိုင်အဖြစ် ဆက်လက်ရပ်တည်နေပါတယ်.. သွားစားတဲ့အခါတိုင်း တကယ်စိတ်တိုင်းကျတဲ့အရသာကို ပေးစွမ်းနိုင်တယ်လို့ပြောရင် “ပိုလိုက်တာလို့” ထင်ကောင်းထင်ပါလိမ့်မယ်.. ဒါပေမဲ့.. တကယ်ပါ !! ပထမ အုန်းထမင်းနဲ့ အတွဲအစပ်တစ်ခုကို စားကြည့်ခဲ့တယ်.. အုန်းထမင်း အရသာသိပ်မိုက်တယ်.. အပေါ့အငန်အနေတော်.. အီစိမ့်တာကို ကြိုက်တဲ့ကျွန်မအတွက်တော့ ရှယ်ပါပဲ.. အဲ့ဒိ အီစိမ့်တာကို ဘာနဲ့ပြန်ဖြေလည်းဆိုတော့ သင်္ဘောသီးထောင်းပါ.. ကတွင်းကိုရှင်းသွားစေပြီး အအီပြေစေတယ်.. ပြီးတော့ ကြက်သားကြော်ကလည်း မမြင်ခင်တည်းက အနံ့နဲ့တင် သွားရည်ကျစေပါတယ်.. ဒီအုန်းထမင်း၊ ကြက်ကြော် နဲ့ သင်္ဘောသီးထောင်းက တစ်တွဲတည်းပါ.. တစ်ပွဲမှာပြီး ၃မျိုးစားခဲ့ရတော့ အပျော်ကြီးပျော်ရပါတယ်.. ဒီနေ့ ထပ်သွားစားတော့ ငပိထမင်းကြော်နဲ့ အတွဲအစပ်လေးတွေပါ.. တော်တော်ကြီးကို အရသာထိထိမိမိနဲ့ စားကောင်းတဲ့ထမင်းကြော်ကို တွဲစပ်ပေးထားတာက ဆားဘဲဥ နဲ့ ဝက်သားဆော့စ်ပါ.. တကယ်ကို လိုက်ဖက်မှုရှိလှပါတယ်.. အရသာကောင်းလွန်းလှပါတယ်.. Thai 47 မှ Menu ရှိ စားဖွယ်ရာအကုန်လုံး ကုန်အောင် သွားရောက်မြည်းစမ်းဖို့ ကျွန်မ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာချထားပြီးပါပြီ.. ;)

MyLann
Pop Corn reviewed Royal Jade 2 years ago
  • for Food
  • |
  • for Decoration
  • |
  • for Service

စားခဲ့ဖူးတာတွေက ယိုးဒယားစာရယ် Dim sum ရယ်ပါ.. နေရာထိုင်ခင်း သန့်ပြန့်သန့်ရှင်းတယ်.. အေးအေးဆေးဆေးရှိတယ်.. ဟိတ်ဟန်တွေမရှိတော့ သက်သောင့်သက်သာရှိတယ်.. ဟင်းပွဲတွေရဲ့အရသာကို သဘောကျမိပါတယ်.. ပိုလို့သဘောကျမိတာက “စားသုံးသူအပေါ်ထားတဲ့စေတနာ”ပါ.. အဲ့ဒိနေ့က စားခဲ့တဲ့ “ငါးကြင်းဗိုက်သားမီးဖုတ်”ဆိုရင် အသားအထူကြီးမှ တကယ့်ထူထူကြီးပါ.. အကြေးခွံဆိုတာ တစ်ဖက်တောင်မတွေ့ရအောင် သေချာသန့်စင်ထားပါတယ်.. စားသုံးကြည့်တဲ့အခါ ငါးရဲ့အရသာ ကောင်းမွန်သလို အဆာပလာတွေကလည်း အရသာရှိနေပါတယ်.. ပြီးတော့ “ကြက်ချဉ်ငံကြွပ်မွှေး” ဆိုတဲ့ ကြက်ကြော်လေးလည်း စားကောင်းပါတယ်.. မြန်မာထမင်းဟင်းလည်း ရပါတယ်.. ဈေးနှုန်းတွေက သင့်တော်တဲ့အတွက် တကယ်ကိုစိတ်တိုင်းကျပါတယ်.. ပြီးတော့ ဟင်းလျာ နှင့် ထမင်းဖြူတွဲလျက် Combination Set များကိုလည်း (၂၃)မျိုးတိတိတွဲစပ်ပေးထားလို့ အရမ်းအဆင်ပြေပါတယ်.. ဝန်ထမ်းတွေလည်း စားသုံးသူအပေါ် ဂရုတစိုက်ရှိလှပါတယ်.. Dim sum ကိုလည်း အကြိုက်တွေ့မိပါတယ်.. ဘာလို့လဲဆိုတော့ တခြားဆိုင်တွေလို သေးသေးကွေးကွေး Dim sum လေးတွေမဟုတ်ဘဲနဲ့ အရွယ်အစားခပ်ကြီးကြီးလေးတွေ လုပ်ထားတော့ စားရတာ အားရပါးရရှိလှပါတယ်.. ပြီးတော့ အရသာလည်း ရှင်းလင်းကောင်းမွန်သလို အရောအနှောကင်းပါတယ်.. ပုဇွန်ဆို ပုဇွန်ချည်းပဲ ပါဝင်တာကို ဆိုလိုတာပါ.. အကြော်ထဲမှာဆိုရင်တော့ “အီကြာကွေးပုဇွန်အစာသွပ်”ကို အတော်လေးကြိုက်မိပါတယ်.. ဒီအတိုင်းသာ ဆက်လက်ထိန်းသွားမယ်ဆိုရင် သေချာပေါက် ဒိထက်ဒီ အောင်မြင်လာမယ်ဆိုတာ ယုံကြည်ပါတယ်..

MyLann
Pop Corn Agora 2 years ago
MyLann
Pop Corn reviewed The Manhattan Fish Market 2 years ago
  • for Food
  • |
  • for Decoration
  • |
  • for Service

ဟိုတစ်နေ့ကတော့ New Menu ဖြစ်တဲ့ Salmon ကြောင့် ထပ်ရောက်ခဲ့ပြန်ပြီ.. ဘယ်အချိန်သွားသွား ဆိုင်ထဲက အပြင်အဆင်တွေက မရိုးနိုင်ဘူး.. အစားအသောက်တွေလည်း ဒီလိုပဲ.. အဲ့ဒိနေ့ကတော့ Menu အသစ်ကို မြည်းစမ်းဖို့ဆိုတော့ Grilled Salmon ကိုစားကြည့်ခဲ့တယ်.. ငါးအရသာက ကောင်းလွန်းပါတယ်.. တကယ်ကို ငါးအရသာတိတိပပကို ရခဲ့ပါတယ်.. ပြီးတော့ တွဲဖက်စားသုံးရတဲ့ Potato Mashed ကလည်း အင်မတန်နူးညံ့ပြီး အာလူးအစိုင်အခဲလေးတစ်ခုတောင် ပါးစပ်ထဲပါမလာခဲ့ပါဘူး.. Black Pepper Sauce ကိုတော့ အထူးနှစ်သက်မိပါတယ်.. ငရုတ်ကောင်းကြိုက်သူဆိုတော့ တကယ်ကိုပြောစရာမရှိအောင် ကောင်းမွန်ခဲ့တဲ့အတွဲအစပ်တွေနဲ့ Grilled Salmon ကိုစားသုံးခဲ့ရတာပါ.. နောက်ထပ်(၂)မျိုးကျန်သေးတော့ ထပ်ရောက်အောင်သွားဦးမှာပါ.. :)

MyLann
Pop Corn uploaded a photo at Maung Aye 2 years ago